DVB Logo
Home
မြန်မာသတင်း
ဦးရွှေမန်း ဦးဆောင်သည့်ကော်မရှင်ကို တပ်မတော်သားများ ကန့်ကွက်
DVB
·
March 20, 2016
ဦးရွှေမန်း ဦးဆောင်သည့်ကော်မရှင်ကို တပ်မတော်သားများ ကန့်ကွက်
Donate to DVB

ဦးရွှေမန်းဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်ကို တပ်မတော်သားတွေ ကန့်ကွက်စာတင်တယ်လို့ သိရပါတယ်။

ဒီကော်မရှင်ကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်းမှာ ကော်မရှင်ဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်းနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ အများစုပါဝင်တဲ့ အဖွဲ့ဝင် ၃၅ ဦးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

တပ်တော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ဘက်က ပြည်ထောင်စုအဆင့်နဲ့ မလျော်ညီလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံကို ကန့်ကွက်စာတင်တာလို့ သိရပါတယ်။

ကော်မရှင်ဒုတိယဥက္ကဋ္ဌ ရမည်းသင်းမဲဆန္ဒနယ်က ဦးကိုကိုနိုင်ကတော့ သူတို့ ကော်မရှင်အနေနဲ့ တိုင်ကြားထားတာ မသိတဲ့အကြောင်း ပြောပါတယ်။

“မသိပါဘူးခင်ဗျ။ သူတို့က တကယ်လို့ ကန့်ကွက်တယ်ဆိုကြပါတော့၊ ကန့်ကွက်ရင် ဒီကော်မရှင်က ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းတဲ့ကော်မရှင်ဖြစ်တဲ့အတွက် လွှတ်တော်နာယကဆီကို အဆိုအနေနဲ့သော်လည်းကောင်း၊ မေးခွန်းအနေနဲ့သော်လည်းကောင်း တင်ပြီးတော့ ကန့်ကွက်ရမှာ ဖြစ်ပါတယ်။”

အခုအချိန်ထိတော့ လွှတ်တော်မှာ အဲ့ဒီလိုမျိုး တင်ထားတယ်လို့ မကြားမိသေးကြောင်းလည်း ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့မရဖြစ်နေပါတယ်။

ကော်မရှင်ဟာ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းလည်းဖြစ်ပါတယ်။

ဒီကော်မရှင်ရဲ့တာဝန်တွေကတော့ တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ်ပြဋ္ဌာန်းနိုင်ရေးတို့ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကတဆင့် လွှတ်တော်သို့ တင်ပြရခြင်း၊ အထူးကိစ္စရပ်များပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့်ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များ အတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ် ဆောင်ရွက်ရခြင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံသည့်အခါ ကော်မရှင်အနေဖြင့် အကြံဉာဏ် ပေးရခြင်းတို့ကိုဆောင်ရွက်ရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013