DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတ ဦးမြင့်ဆွေ ဗိုလ်ချုပ်မှူးကြီးဟောင်း၏ဇနီး ဒေါ်ကြိုင်ကြိုင်တူဟု အီကိုနောမစ်ရေး
DVB
·
March 19, 2016
ဒုသမ္မတ ဦးမြင့်ဆွေ ဗိုလ်ချုပ်မှူးကြီးဟောင်း၏ဇနီး ဒေါ်ကြိုင်ကြိုင်တူဟု အီကိုနောမစ်ရေး
Donate to DVB

ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခန့်အပ်လိုက်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေဟာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ဇနီးဒေါ်ကြိုင်ကြိုင်ရဲ့ တူလို့ အီကိုနောမစ် မဂ္ဂဇင်းက ရေးပါတယ်။

အစိုးရသစ်လက်ထက် သမ္မတသစ် ရွေးချယ်ခန့်အပ်မှုနဲ့ ပတ်သက်ပြီး “Changing Lanes” ဆိုတဲ့ ခေါင်းစဉ်နဲ့ လန်ဒန်အခြေစိုက် အီကိုနောမစ် အပတ်စဉ် သတင်းမဂ္ဂဇင်းရဲ့ မတ် ၁၉ ရက် အင်တာနက် စာမျက်နှာရဲ့ ဆောင်းပါးမှာ အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် သဘောထားတင်းမာတဲ့ ဦးမြင့်ဆွေဟာ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်တဲ့စာရင်းမှာ ရှိနေဆဲ ဖြစ်သလို စစ်အစိုးရက နှိမ်နှင်းခဲ့တဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလမှာ စစ်ထောက်လှမ်းရေး အကြီးအကဲ အဖြစ် တာဝန်ယူခဲ့တယ်လို့ ဆိုပါတယ်။

ဦးမြင့်ဆွေကို ခန့်အပ်မှုကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖိအားပေးမလုပ်ဆောင်ဖို့ သတိပေးချက်တခု ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

လက်ရှိအချိန်ထိ စစ်တပ်က အာဏာကြီးကြီးမားမားကို ကိုင်စွဲထားဆဲ ဖြစ်တယ်လို့လည်း ဆောင်းပါးက ထောက်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံခြားရေး ၀န်ကြီး ရာထူးကို ရယူနိုင်ချေရှိတယ်လို့ ဆောင်းပါးက ခန့်မှန်း ရေးသားထားပါတယ်။ ဒါမှလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွဲ့ဝင် ၁၁ ဦး ပါဝင်တဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာ ၀င်ရောက်ခွင့်ရရှိမယ့် တခုတည်းသော ရာထူးဖြစ်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013