DVB Logo
Home
Lead Story
မြန်မာ့ရုပ်သံလွှင့် မီဒီယာဥပဒေ ညီလာခံ ကျင်းပ (ဓာတ်ပုံ)
DVB
·
March 19, 2016
မြန်မာ့ရုပ်သံလွှင့် မီဒီယာဥပဒေ ညီလာခံ ကျင်းပ (ဓာတ်ပုံ)
1 / 20
Donate to DVB

မြန်မာ့ရုပ်သံလွှင့် မီဒီယာဥပဒေ ညီလာခံကို ရန်ကုန်မြို့ Park Royal Hotel  မှာ  မေလ ၁၉  ရက်နေ့က စတင်ကျင်းပနေပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာလောကရဲ့ စိန်ခေါ်မှုတွေအပါအ၀င် ပုဂ္ဂလိကကဏ္ဍမှာ လွတ်လပ်စွာရှင်သန် လုပ်ကိုင်နိုင်မယ့် အနာဂတ်မီဒီယာလောက အခြေအနေတွေကို ဆွေးနွေးနေကြတာဖြစ်ပါတယ်။

Media Law, Public Service Broadcasting, Private TV, Governing Body စတဲ့ ကဏ္ဍတွေကို တက်ရောက်လာတဲ့သူတွေက ကဏ္ဍတစ်ခုစီကို ဆွေးနွေးနေကြတာပါ။

ဒီညီလာခံကို ဒီဗွီက ကြီးမှူးကျင်းပနေတာဖြစ်ပြီး ပြည်တွင်းပြည်ပက မီဒီယာနဲ့ သက်ဆိုင် တဲ့ သူတွေနဲ့ နိုင်ငံရေးသမားတွေက ရှင်းလင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ Broadcate Law နဲ့ ပတ်သက်ပြီး ပြန်ပြင်သင့်တဲ့ အချက်တွေနဲ့ အားနည်းချက်တွေရှိတဲ့အကြောင်းနဲ့ ပြင်မလား၊ အသစ်ဆွဲမလား ဆိုတာတော့ တက်လာမယ့် အစိုးရသစ် အပေါ်မူတည်လို့ ပြောပါတယ်။

ဆက်သွယ်ရေးဥပဒေနဲ့ ပူးတွဲဆွဲရမှာဖြစ်တဲ့အကြောင်းလည်း ဦးရဲထွဋ်က ပြောသွားပါတယ်။ ညီလာခံကို မတ် ၁၉ ရက်ကနေ ၂၀ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013