DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီတင်မည့် ၀န်ကြီးများ မတ် ၂၀ အပြီးသတ်ရွေးမည်
DVB
·
March 19, 2016
အန်အယ်လ်ဒီတင်မည့် ၀န်ကြီးများ မတ် ၂၀ အပြီးသတ်ရွေးမည်
Donate to DVB

နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ မတ် ၂၀ ရက်နေ့ ပြုလုပ်မယ့် အန်အယ်လ်ဒီဗဟိုအလုပ် အမှုဆောင်စည်းဝေးပွဲမှာ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို အပြီးသတ်ရွေးချယ်မယ်လို့ ပါတီထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

သမ္မတအဖြစ် ရွေးချယ်ထားတဲ့ ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်ကိုတင်ပြတဲ့ အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန ၂၁ ခု ပါဝင်ပြီး အဲ့ဒီဌာနတွေကို ၀န်ကြီး ၁၈ ဦးက စီမံခန့်ခွဲသွားမှာ ဖြစ်ပါတယ်။

ဒီထဲမှာ ကာကွယ်ရေး၊ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ၃ ခုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်း ခန့်ထားမှာဖြစ်ပြီး ကျန် ၁၅ ဦးကို အန်အယ်လ်ဒီက ရွေးချယ်ခန့်ထားမှာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဒီလအစောပိုင်း မီဒီယာကို ပြောကြားချက်အရ အစိုးရအဖွဲ့မှာ အန်အယ်လ်ဒီက ၃၀ ရာခိုင်နှုန်းပဲ ပါဝင်မယ်လို့ သိရပြီး အခု နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းအရ အစိုးရအဖွဲ့မှာ အန်အယ်လ်ဒီက ၆ ဦးသာ ပါဝင်မှာ ဖြစ်ပါတယ်။

ပါတီနဲ့ နီးစပ်သူတွေအဆိုအရ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူခဲ့တဲ့ လက်ပံတောင်းစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ အတွင်းရေးမှူး လုပ်ခဲ့သူ သံအမတ်ဟောင်း ဦးကျော်တင့်ဆွေ၊ ကျန်းမာရေးဝန်ကြီးအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ လုပ်ခဲ့ဖူးသူ ဒေါက်တာမြင့်ထွေး၊ ပြန်ကြားရေးဝန်ကြီးအဖြစ် စာရေးဆရာ ဖေမြင့်၊ သမ္မတရုံး ၀န်ကြီးအဖြစ် ဒေါက်တာမျိုးအောင်နဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် မုံရွာအန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးသန့်ဇင်မောင်တို့ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

အန်အယ်လ်ဒီအစိုးရအဖွဲ့မှာ တခြားနိုင်ငံရေးပါတီက ခေါင်းဆောင်တချို့နဲ့ ပြင်ပ ပညာရှင် အများစု ပါဝင်မှာဖြစ်ပြီး ၀န်ကြီးအမည် စာရင်းကို ပြည်ထောင်စုလွှတ်တော်မှာ လာမယ့် မတ်လ ၂၂ ရက် တင်သွင်းမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013