DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် လူ ၄သိန်းခွဲခန့် အလုပ်အကိုင်ဖန်တီးပေးနိုင်ဟု ဆို
DVB
·
March 18, 2016
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် လူ ၄သိန်းခွဲခန့် အလုပ်အကိုင်ဖန်တီးပေးနိုင်ဟု ဆို
Donate to DVB

သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း ၅ နှစ်အတွင်းမှာ အလုပ်သမား ၄ သိန်းခွဲလောက်ကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ခဲ့တယ်လို့  ဒီကနေ့ ထုတ်နိုင်ငံပိုင်သတင်း စာတွေမှာ ဖော်ပြပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံသားလုပ်သားပေါင်း ၃၅၇၂၄၅ ဦးနဲ့  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရတော့  အလုပ်သမားပေါင်း ၈၇၁၆၂ ဦးကို အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့တာလို့  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းဆောင်းပါးမှာ ဖော်ပြပါတယ်။

၅နှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးတက်မှု အခြေအနေကတော့  ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှာ  ကန်ဒေါ်လာသန်းပေါင်း ၄၆၄၄ ဒသမ ၄၆ဝရှိခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်းပေါင်း ၁၄၁၉ ဒသမ ၄၆၇ နဲ့ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်းပေါင်း ၄၁ဝ၇ ဒသမ ဝ၅၅ ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်းပေါင်း ၈ဝ၁ဝ ဒသမ ၅၃၃၊နဲ့ လက်ရှိ  ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်း (၁၉၆)ခုမှာ  ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၈၇၄ဝ ဒသမ ၂၂၃  အစိုးရက ခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီး မြှုပ်နှံကြတဲ့ အဓိကနိုင်ငံတွေကတော့ စင်ကာပူ၊ တရုတ်၊ ယူကေ၊  ဟောင်ကောင်၊ နယ်သာလန်၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့  ဂျပန်နိုင်ငံတွေဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013