DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် သင်္ကြန်ကာလအတွင်း လူကုန်ကူးမှုများကို စောင့်ကြည့်မည်
DVB
·
March 18, 2016
မန္တလေးတွင် သင်္ကြန်ကာလအတွင်း လူကုန်ကူးမှုများကို စောင့်ကြည့်မည်
Donate to DVB

မန္တလေးတိုင်းဒေသကြီး လူကုန်ကူးတားဆီး နှိမ်နင်းရေးတပ်ဖွဲ့က သင်္ကြန်ကာလအတွင်းမှာ လူကုန်ကူးမှုတွေကို ပိုမိုသတိထားစောင့်ကြည့်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှုးရဲမှူးဖေသိန်းကျော်က ဒီဗွီဘီကိုပြောပါတယ်။

သင်္ကြန်ကာလအတွင်းမှာ မန္တလေးမြို့ကို လာရောက်လည်ပတ်ကြသူတွေနဲ့အတူ လူကုန်ကူးမှု ကျုးလွန်နိုင်သူတွေ ပါလာနိုင်တာကြောင့် လူကုန်ကူးမှုတွေ မဖြစ်ပွားအောင် သတင်းရယူ စုံစမ်းမှုတွေကိုလည်း နေ့၊ ည ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး လူကုန်ကူးတားဆီး နှိမ်နင်းရေးတပ်ဖွဲ့စုဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ လူကုန်ကူးမှု ၁၄ မှုကို ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးတရားခံ ၃၂ ယောက်ကို အရေးယူနိုင်ခဲ့ကာ လူကုန်ကူးခံခဲ့ရတဲ့ အမျိုးသမီး ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

အခုလက်ရှိ ၂၀၁၆ ခုနှစ် ၂ လကျော်အတွင်းမှာတော့ လူကုန်ကူးမှု ၃ မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှုတွေမှာ တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့ လူကုန်ကူးမှု အများဆုံး ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013