DVB Logo
Home
မြန်မာသတင်း
ဂျပန်ကုမ္ပဏီများ မြန်မာပြည်တွင် ဓာတ်မြေသြဇာ စက်ရုံတည်ဆောက်မည်
DVB
·
March 18, 2016
ဂျပန်ကုမ္ပဏီများ မြန်မာပြည်တွင် ဓာတ်မြေသြဇာ စက်ရုံတည်ဆောက်မည်
Donate to DVB

ဂျပန်နိုင်ငံ အခြေစိုက် မစ်ဇူအီ ကုမ္ပဏီဟာ ရန်ကုန် သီလ၀ါ အထူးစီးပွားရေးဇုန်မှာ ယန်းငွေ ၁ ဒသမ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ဓာတ်မြေသြဇာ စက်ရုံတည်ဆောက်ဖို့ရှိနေတယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။

စက်ရုံကို စင်ကာပူနိုင်ငံက Behn Meyer ကုမ္ပဏီနဲ့  မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်းတို့နဲ့အတူ  မစ်ဇူအီကုမ္ပဏီက  ၄၅ ရာခိုင်နှုန်းနဲ့ အကျိုးတူ ဖက်စပ်လုပ်ကိုင်ကြဖို့ မတ် ၁၀ ရက်က သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ကုမ္ပဏီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါစက်ရုံဟာ တနှစ် လယ်ယာစိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာ တန်ချိန် ၁ သိန်းထုတ်လုပ်မှာ ဖြစ်ပြီး လာမယ့် ၂၀၁၇ မေလမှာ ထုတ်လုပ်မှု စတင်နိုင်လိမ့်မယ်လို့ ရည်မှန်းထားပါတယ်။

အလားတူ ဂျပန်နိုင်ငံရဲ့ အထင်ကရ မာရူဘီနီ ကော်ပိုရေးရှင်းဟာလည်း  မြန်မာနိုင်ငံမှာ ကန်ဒေါ်လာ ၁၆ ဒသမ ၈ သန်းနဲ့ ညီမျှတဲ့  ဂျပန်ယန်းငွေ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံပြီး ဓာတ်မြေသြဇာ စက်ရုံတည်ဆောက် ထုတ်လုပ်သွားဖို့ရှိနေတယ်လို့  ဂျပန် နီကေးသတင်းမှာ ဖော်ပြပါတယ်။

မာရူဘီနီအနေနဲ့ ရန်ကုန်အနီး သီလ၀ါအထူးစီးပွားရေးဇုန်မှာ ဓာတ်မြေသြဇာစက်ရုံတည်ဆောက်ပြီး လာမယ့် ၂၀၁၇ ဧပြီလမှာ စတင်ထုတ်လုပ်ဖို့ ရည်မှန်းထားတဲ့အကြောင်းနဲ့ မြန်မာပြည်တွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်း လက်လီ အရောင်းဆိုင်တွေကတဆင့်  လယ်သမားတွေ ဆီဖြန့်ဝေရောင်းချသွားမယ်လို့ ဆိုပါတယ်။

စက်ရုံအနေနဲ့ ၂၀၁၇မှာ ဓာတ်မြေသြဇာ တနှစ် တန်ချိန် ၃ သောင်းစတင်ထုတ်လုပ်ဖို့ စီမံထားပြီးနောင်မှာ တဖြည်းဖြည်းနဲ့ တိုးမြှင့်ကာ ၂၀၂၀ မှာ တန်ချိန် ၁ သိန်းခွဲထိ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

ဒါ့အပြင် နိုက်ထရိုဂျင်နဲ့ ဖော့စ်ဖောရစ် အက်စစ်ပါတဲ့ ဓာတု ဓာတ်မြေသြဇာ ထုတ်လုပ်မယ့် ဒုတိယမြောက် စက်ရုံတခုကိုလည်း လာမယ့် ၂၀၁၈ အောက်တိုဘာ လောက်မှာ ဆောက်လုပ်ဖို့ အစီအစဉ်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာဝယ်လိုအားက တနှစ်ကို တန်ချိန် ၁ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပြီး  တရုတ်နဲ့ ထိုင်းနိုင်ငံလုပ် ဓာတ်မြေသြဇာတွေက မြန်မာဈေးကွက်ကို အဓိက လွှမ်းမိုးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013