DVB Logo
Home
မြန်မာသတင်း
အောင်လအင်ဆန်းနှင့် မိုဟာမက်အလီ တို့ ယနေ့ ယှဉ်ပြိုင်ထိုးသတ်မည်
DVB
·
March 18, 2016
အောင်လအင်ဆန်းနှင့် မိုဟာမက်အလီ တို့ ယနေ့ ယှဉ်ပြိုင်ထိုးသတ်မည်
Donate to DVB

အမေရိကန်ပြည်ထောင်စုမှာ မြန်မာစပါးကြီးမြွေလို့ နာမည်ကြီးနေတဲ့ ကချင်လူမျိုး နာမည်ကျော် လက်ဝှေ့သမား အောင်လအင်ဆန်းဟာ  မိုဟာမက် အလီနဲ့  ဒီနေ့ ညနေပိုင်းမှာ ယှဉ်ပြိုင် ထိုးသတ်မှာ ဖြစ်ပါတယ်။

ဒီနေ့ ညနေ ၆ နာရီခွဲမှာ  ရန်ကုန်မြို့ သုဝဏ္ဏကွင်း အမျိုးသားအားကစားပြိုင်ပွဲရုံမှာ Mixed Martial Art-MMA ဘက်စုံသုံးတိုက်ခိုက်ရေး လက်ဝှေ့ပြိုင်ပွဲမှာ အောင်လအင်ဆန်းနဲ့ အီဂျစ်က ၀ူရှုး ချန်ပီယံ တိုက်ခိုက်ရေးသမားတို့ ယှဉ်ပြိုင်ထိုးသတ်ကြမှာပါ။

သုဝဏ္ဏကွင်းမှာ ထိုးသတ်ခွင့်ဟာ အခွင့်အရေးတခုဖြစ်နေသလို သုဝဏ္ဏကွင်းက မြန်မာ ပရိသတ်တွေ ရှေ့မှာ ထိုးသတ်ရမှာဟာ အံ့သြစရာ ခံစားချက်တခုလို့ အောင်လအင်ဆန်းက   ပြောပါတယ်။

အီဂျစ်တိုက်ခိုက်ရေးသမားတွေဟာ သန်မာအားကောင်းသလို ဘက်စုံသုံးတိုက်ခိုက်ရေး ပြိုင်ပွဲမှာ နာမည်ကြီးပြီး လွယ်လွယ် အရှုံးမပေးဘူးလို့ အလီကလည်း ပြောပါတယ်။

အိမ်ပရိသတ်ရှေ့မှာ ထိုးသတ်ရတဲ့အတွက် အကောင်းဆုံး ထိုးသတ်နိုင်ဖို့ ဖိအားက အောင်လပေါ်မှာ ရှိမှာ ဖြစ်ပေမယ့် သူကတော့ ဖိအားမရှိဘူးလို့ ပြောပါတယ်။

အလီက ၁၀ ပွဲနိုင် ၇ ပွဲ ရှုံးထားသလို အောင်လကတော့ ၁၆ ပွဲနိုင် ၉ ပွဲရှုံးထားပါတယ်။

ပြိုင်ပွဲတွေကို ၀ိတ်တန်းပေါ်မူတည်ပြီး ခွဲခြားထားသလို ဘက်စုံသုံးတိုက်ခိုက်ရေး One Championship လက်ဝှေ့ပြိုင်ပွဲမှာ မြန်မာ တိုက်ခိုက်ရေးသမားတွေ အပြင် ဘရာဇီး၊ ဖိလစ်ပိုင်၊ စင်ကာပူစတဲ့ နိုင်ငံတကာက တိုက်ခိုက်ရေးသမားတွေ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013