DVB Logo
Home
Lead Story
ဒလမြို့နယ်တွင် ကန်ရေခန်းခြောက်မှု စတင်ဖြစ်ပေါ် (ဓာတ်ပုံ)
DVB
·
March 18, 2016
ဒလမြို့နယ်တွင် ကန်ရေခန်းခြောက်မှု စတင်ဖြစ်ပေါ် (ဓာတ်ပုံ)
1 / 5
Donate to DVB

သောက်သုံးရေ ရှားပါးမှုကို နှစ်စဉ်ကြုံတွေ့နေရတဲ့ ဒလမြို့နယ်မှာ ကန်ရေခန်းခြောက်မှုတွေ စတင်ဖြစ်ပေါ်နေပါတယ်။

ဒီနှစ် ဒလမြို့နယ်မှာ ကန်ရေခန်းခြောက်မှုဟာ အရင်နှစ်ထက် စောတယ်လို့ ဒလမြို့အခြေစိုက် ရှင်ရေးကူညီမှုအသင်းက ပြောပါတယ်။

အဲဒီ့အတွက် ဖေဖော်ဝါရီလ တတိယပတ်က စပြီး ဒလမြို့နယ်မှာ အလှူရှင်တချို့က သောက်ရေ လှူဒါန်းမှုတွေ စလုပ်နေပါတယ်။

ဒီနေ့ မတ်လ ၁၈ ရက်နေ့ကလည်း ရှင်ရေးကူညီမှုအသင်း ဦးဆောင်ပြီး အလှူရှင် ၂ ဖွဲ့က ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်နဲ့ ရပ်ကွက်တချို့မှာ ၂၀ လီတာဆံ့ သောက်ရေသန့်တွေ လာရောက်လှူဒါန်းခဲ့ပါတယ်။

ကန်ရေခန်းခြောက်မှုစောတာကြောင့် ဒီနှစ်မှာ အရင်နှစ်ထက် သောက်သုံးရေရှားပါးမှု အခက်အခဲကို ပိုမိုခံစားရနိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။

သတင်းဓာတ်ပုံ - အာကာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013