DVB Logo
Home
မြန်မာသတင်း
သမ္မတသစ် တင်သွင်းသည့် ၀န်ကြီးဌာန ၂၁ ခုနှင့် ၀န်ကြီးဦးရေကို လွှတ်တော်တွင် ဆွေးနွေး
DVB
·
March 18, 2016
သမ္မတသစ် တင်သွင်းသည့် ၀န်ကြီးဌာန ၂၁ ခုနှင့် ၀န်ကြီးဦးရေကို လွှတ်တော်တွင် ဆွေးနွေး
1 / 6
Donate to DVB

ဒီနေ့မှာ ပြည်ထောင်စုလွတ်တော်မှာ ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်က  အစိုးရဝန်ကြီးဌာန ၂၁ ခု  အမည်စာရင်းတွေ တင်သွင်းတာနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ပါတယ်။

မနေ့က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ သမ္မတဦးထင်ကျော် တင်ပြတဲ့ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်ခြင်းတို့နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးသွားခဲ့ပါတယ်။

ရွေးကောက်ခံ သမ္မတကတင်သွင်းတဲ့ ၀န်ကြီးဌာန ၂၁ ခုနဲ့ပတ်သက်ပြီး ဦးနိုင်ထူးအောင် (နွားထိုးကြီး မဲဆန္ဒနယ်၊ ဦးဂျေယောဝူ၊ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၊ ဦးသန့်စင်မောင်၊ မုံရွာမဲဆန္ဒနယ်၊ ဦးဘရှိန် ကျောက်ဖြူမဲဆန္ဒနယ် နဲ့ ဒေါက်တာအောင်သူ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၆ တို့က ၀င်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးခဲ့ကြတဲ့ ကိုယ်စားလှယ်အများစုဟာ ၀န်ကြီးဌာနတွေ လျော့ချပေါင်းစည်းခြင်းအပေါ်မှာ ထောက်ခံဆွေးနွေးကြပြီး ၀န်ကြီးဌာနတွေပေါင်းစည်းမှုမှာ အများပြည်သူတွေသိအောင် ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့နဲ့ ပေါင်းစည်းသွားတဲ့ ၀န်ကြီးဌာနတွေရဲ့ ၀န်ထမ်းတွေ အခြေအနေတွေကို မေးခွန်းထုတ် ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ရွေးကောက်ခံသမ္မတကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့ ကိုယ်စားလှယ်တွေ ဆွေးနွေးချက်အပေါ် လာမယ့် ၂၁ ရက် တနင်္လာနေ့မှာ သမ္မတက လွတ်တော်တွင်း လာရောက်ရှင်းလင်းဖြေကြားမှာဖြစ်ပြီး လွတ်တော်ရဲ့ အတည်ပြုချက်ကို ရယူမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013