DVB Logo
Home
မြန်မာသတင်း
ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်များ မပေးဆောင်ပါက ဒဏ်တပ်မည်
DVB
·
March 18, 2016
ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန်များ မပေးဆောင်ပါက ဒဏ်တပ်မည်
Donate to DVB

၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကရတဲ့ ၀င်ငွေခွန်နဲ့ ကုန်သွယ်ခွန် တွေကို မတ် ၃၁ ရက်မတိုင်မီ ပေးသွင်းကြဖို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေးကြေညာထားပါတယ်။

ဘဏ္ဍာနှစ် မကုန်ဆုံးမီ ပေးသွင်းရမယ့် ကျသင့် ကုန်သွယ်လုပ်ငန်းခွန်တွေနဲ့ ကြိုတင်ဝင်ငွေခွန်တွေကို သတ်မှတ် နေ့ရက်အတွင်း ပေးသွင်းဖို့ ပျက်ကွက်ပါက ဥပဒေနဲ့ အညီ ဒဏ်ငွေပေးဆောင်ရမယ်လို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄-၁၅ စည်းကြပ်နှစ်အတွက် ၀င်ငွေခွန် အများဆုံးထမ်းဆောင်တဲ့ လုပ်ငန်းရှင် ၁၀၀၀ စာရင်းကို ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာထားရာမှာ ကမ္ဘောဇဘဏ်က ကျပ်သန်း ၂၀၀၀၀ အထက် အခွန်ပေးဆောင်တဲ့အများဆုံး ကုမ္ပဏီဖြစ်ပါတယ်။

ကျပ်သန်း ၁၀၀၀၀ အောက် ဒုတိယ အများဆုံး ၀င်ငွေခွန်ဆောင်တဲ့ကုမ္ပဏီတွေကတော့ မြ၀တီဘဏ်၊ မြ၀တီ ထရိတ်ဒင်း၊ မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီ၊ Denko Trading ကုမ္ပဏီတွေဖြစ်ပါတယ်။

ကုန်သွယ်ခွန်အများဆုံးထမ်းဆောင်ခဲ့သူစာရင်းမှာတော့ Denko Trading ကုမ္ပဏီက ကျပ်သန်း ၂၀၀၀၀ အထက်အခွန်အများဆုံး ပေးဆောင်သူဖြစ်တယ်လို့ ပြည်တွင်း အခွန်များ ဦးစီးဌာနရဲ့ ကြေညာချက်အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013