DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ဖွံ့ဖြိုးရေး ညှိနှိုင်းမှုအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်
DVB
·
March 18, 2016
လွှတ်တော်ဖွံ့ဖြိုးရေး ညှိနှိုင်းမှုအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မယ့် လွှတ်တော်ဖွံ့ဖြိုးရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းကြောင်း ပြည်သူ့လွှတ်တော်ရုံးက ကြေညာပါတယ်။

အဖွဲ့ကို ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနဲ့အညီ ဖွဲ့စည်းတာလို့ မတ်လ ၁၀ ရက်နေ့ အမိန့်ကြော်ငြာစာမှာ ပါရှိပါတယ်။

၈ ဦးပါ ဒီအဖွဲ့မှာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေရဲ့ ညွှန်ကြားရေးမှူးချုပ် ၃ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက အဖွဲ့ဝင်တွေအဖြစ် ပါဝင်ကြပြီး အတွင်းရေးမှူးအဖြစ် ဦးဖြိုးဇေယျာသော်က ဆောင်ရွက်ပါတယ်။

ဒီအဖွဲ့ကို ပထမအကြိမ် လွှတ်တော်သက်တမ်းကာလ ၂၀၁၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

အခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်တာ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ရည်မှန်းချက်တွေ၊ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အတွင်းရေးမှူး ဦးဖြိုးဇေယျာသော်က “၂၀၁၂ ခုနှစ် အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကို ရောက်လာပြီးတဲ့အချိန်မှာ အဲဒီတုန်းက လွှတ်တော်ဥက္ကဋ္ဌနဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဆွေးနွေးညှိနှိုင်းပြီးသွားတော့ ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းတွေ မြှင့်တင်ဖို့၊ လွှတ်တော်ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေ မြှင့်တင်ဖို့နဲ့ လွှတ်တော်ကြီးကိုလည်း အရည်အချင်းမြှင့်တင်ဖို့ ဆိုပြီးတော့ ဒီအချက် ၃ ချက်ပေါ်မှာ မူတည်ပြီးတော့ ဒီအဖွဲ့ကို ဖွဲ့ဖြစ်တာပါ” လို့ ပြောပါတယ်။

ဒီအဖွဲ့က လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ဝန်ထမ်းတွေကို အင်္ဂလိပ်စာ သင်တန်းတွေ အပါအ၀င် တခြားသော အရည်အသွေးမြှင့်တင်ရေး သင်တန်းတွေ ပို့ချမှုတွေအတွက် စီမံဆောင်ရွက်ပါတယ်။

လွှတ်တော်ကြီးတခုလုံးရဲ့ အရည်အသွေးပိုင်းနဲ့ လုပ်ထုံးလုပ်နည်းပိုင်း  မြှင့်တင်သွားဖို့အတွက် ရည်ရွယ်ဖွဲ့စည်းတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013