DVB Logo
Home
မြန်မာသတင်း
လန်ခရူဆာကားပေါ် ဆောက်လက်စ ကွန်ကရစ်အပိုင်း ပြုတ်ကျမှု အမှုဖွင့်
DVB
·
March 17, 2016
လန်ခရူဆာကားပေါ် ဆောက်လက်စ ကွန်ကရစ်အပိုင်း ပြုတ်ကျမှု အမှုဖွင့်
Donate to DVB

ဆူးလေဘုရားလမ်းမှာ ဆောက်လက်စ အထပ်မြင့်အဆောက်အဦရဲ့ ၂၂ ထပ်ကနေ ကွန်ကရစ်အပိုင်းအစတခု ပြုတ်ကျတာကြောင့် လန်ခရူဆာကား ပျက်စီးမှုဖြစ်တဲ့အပေါ် နှစ်ဖက်ညှိနှိုင်းတာ အဆင်မပြေလို့ ကားပိုင်ရှင်ဘက်က အမှုဖွင့်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ၉၉ မော်ဒယ် အမျိုးအစား လန်ခရူဆာကား မောင်းလာချိန် ကားအမိုးပေါ်ကို ဆူးလေလမ်းနဲ့ အနော်ရထာလမ်းထောင့်က ဆောက်လုပ်နေဆဲ အထပ်မြင့် အဆောက်အဦ ၂၂ ထပ်ကနေ လုပ်ငန်းခွင်ပစ္စည်း ကွန်ကရစ်အပိုင်းအစ ပြုတ်ကျခဲ့တာပါ။

ကားအမိုးပျက်စီးသွားတဲ့အပေါ် ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူ လက်ထောက်မန်နေဂျာ သြစတြေးလျနိုင်ငံသားက ပြင်ဆင်စရိတ် ၇၅ သိန်းပေးမယ့်အပေါ် ကားပိုင်ရှင်ဘက်က ကားလဲလှယ်ပေးဖို့ ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေဖြစ်လို့ အမှုဖွင့်လိုက်တာလို့ ကားပိုင်ရှင် ကိုမိုက်ကယ်ဇော်မင်းက ပြောပါတယ်။

“ကျနော် တရားရုံးမှာ ဦးတိုက်လာလျှောက်တာ၊ ဦးတိုက်လာလျှောက်တယ်ဆိုတာ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော် ရဲစခန်းမှာ အမှုဖွင့်တာပေါ့နော်။ အမှုဖွင့်တဲ့အချိန်ကျတော့ ရဲအရေးပိုင်တဲ့အမှုမဟုတ်ဘူး၊ အမှုအချိန်ကျတော့ ရဲကနေပြီးတော့ ဖြစ်စဉ်ကိုယူပြီးတော့ သူကနေပြီးတော့ စာထုတ်ပေးတယ်။ တရားရုံးမှာ ဦးတိုက်လျှောက်ဖို့။

“လက်မခံဘူးဆိုရင်တော့ ဥပဒေရဲ့ အကူအညီကို ရယူမှာပေါ့နော်။ ကျနော်တို့ကတော့ မြန်မာနိုင်ငံသားဖြစ်တယ်။ ဒါ တဘက်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေက ဒီမှာလာပြီးတော့ အလုပ်လုပ်တယ်။ ကျနော်တို့ အခွန်ထမ်းပြည်သူတွေအပေါ်မှာ ဒီလို နစ်နာဆုံးရှုံးတာကိုတော့ တရားဥပဒေရဲ့ အကူအညီ ရယူခြင်းဖြစ်ပါတယ်။ အမှန်တကယ်က ဒီလိုဖြစ်စဉ်မျိုးဟာ အဲဒီနေရာမှာ လူသာဆို သေသွားပြီ။ ဒါ ဒီအပေါ်မှာလည်း အဆောက်အအုံဌာနတွေ၊ အင်ဂျင်နီယာတို့ မြို့တော်စည်ပင်တို့ရဲ့ လိုအပ်ချက်ပေါ့နော်။ သူတို့ဆီမှာလည်း ကျနော်ထပ်ပြီး အရေးယူဖို့ရှိတယ်။ သူတို့ဆီသွားပြီးတော့လည်း အကူအညီတွေ ရယူဖို့ရှိတယ်။"

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆူးလေ အထပ်မြင့်အဆောက်အဦ ကုမ္ပဏီက တာဝန်ရှိသူ မန်နေဂျာ ဒေါ်လှဥမ္မာကို မေးမြန်းခဲ့ရာမှာ သူတို့အနေနဲ့ ပြင်ဆင်စရိတ် ကျသလောက်ပေးမှာဖြစ်ပြီး လက်ရှိအထိ ကားအသစ် ပြန်ဝယ်ပေးဖို့ မရှိသေးကြောင်း ဖြေဆိုခဲ့ပါတယ်။

ကားပိုင်ရှင် ကိုမိုက်ကယ်ဇော်မင်းကတော့ “ဒီကားကို ပြင်ဆင်ပေးမယ်ဆိုလည်း ကျနော့်အတွက် နစ်နာမှုတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံ ကားလောကမှာ ကားတစီးကို ဒီလို ကြေမွသွားတဲ့ဟာကို ပြင်ပြီးရင် ဈေးက လက်ရှိပေါက်ဈေး လုံးဝမရတော့ဘူး။ ကျနော့်အတွက် ဆုံးရှုံးနစ်နာမှု သိန်း ၂၀၀ ကျော် ၃၀၀ ရှိတယ်။ ကျနော် အများကြီး မတောင်းဆိုပါဘူး။ ဒီကိစ္စကို သူ ဒီကားကိုယူလိုက်၊ ကျနော့်ကားအတိုင်း ပြန်ဝယ်ပေးရင် ကျနော်ကျေနပ်တယ်” လို့ ပြောပါတယ်။

ကားပိုင်ရှင်ဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တဲ့အတွက် ကုမ္ပဏီဘက်က တရားစွဲဖို့ စီစဉ်နေတယ်လို့လည်း ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

အခု တည်ဆောက်နေတဲ့ အဆောက်အဦဟာ လက်ရှိဖွင့်လှစ်ထားတဲ့ ဆူးလေ ရှန်ဂရီလာဟိုတယ်ရဲ့ တိုးချဲ့အဆောက်အဦတခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013