DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခဒေသ ဓာတ်ပုံသတင်းထောက်များ ဘေးကင်းလုံခြုံမှု အခက်အခဲကြုံတွေ့
DVB
·
March 17, 2016
ပဋိပက္ခဒေသ ဓာတ်ပုံသတင်းထောက်များ ဘေးကင်းလုံခြုံမှု အခက်အခဲကြုံတွေ့
Donate to DVB

ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဒေသတွေမှာ သွားရောက်သတင်းရယူနေတဲ့ ဓာတ်ပုံသတင်းထောက်တွေ အနေနဲ့ ဘေးကင်းလုံခြုံမှု မရှိဘဲ အခက်အခဲတွေနဲ့ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

စစ်ဖြစ်ပွားရာဒေသ၊ လူမျိုးရေးပဋိပက္ခဒေသတွေမှာ သတင်းဓာတ်ပုံတွေ သွားရောက်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံသတင်းထောက်တွေရဲ့ “ငြိမ်းချမ်းရေးပေးပါ” အမည်ရ စကားဝိုင်းကို မတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပြီး ဓာတ်ပုံသတင်းသမားတွေက သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲ အတွေ့အကြုံတွေကို ပြောကြားခဲ့ကြပါတယ်။

ဓာတ်ပုံသတင်းထောက် မင်းဇေယျာက “ဒီအန္တရာယ်ရှိတဲ့ တနေရာကို သွားရမယ်ဆို ဘာတွေသိထားရမလဲ၊ နောက်ပြီး သွားတဲ့အခါကျလို့ရှိရင် ဒီ ဥပဒေပိုင်းဆိုင်ရာတွေကော ဘာတွေကို လေ့လာထားရမလဲ၊ ဘယ်သူ့ကို ဆက်သွယ်ရမလဲ၊ ကျနော်တို့ အဲ့ဒါတွေ အကုန်လုံးကို သိထားဖို့အတွက် အချင်းချင်းမျှဝေဖို့ ဟောပြောပို့ချမှုတွေ လိုတယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

မြန်မာဓာတ်ပုံသတင်းထောက်တွေအနေနဲ့ လောက်ကိုင်စစ်ပွဲ၊ မိတ္တီလာပဋိပက္ခတွေလို နေရာတွေမှာ သတင်းသွားရောက်ယူခဲ့ပြီးတော့ အသက်အန္တရယ်တွေနဲ့လည်း ကြုံတွေ့ခဲ့ရတာပါ။

ဓာတ်ပုံသတင်းထောက် ဂျေပိုင်က “စစ်ပွဲသတင်း သွားယူကတည်းကတော့ ဘယ်လောက်မှ ကိုယ့်ကိုယ်ကိုယ်ပေါ့ ငါးဆယ်/ငါးဆယ်ပဲ။ ကိုယ့်ကံတရားပေါ့နော်၊ ဖြစ်နိုင်စရာတွေ အများကြီးကို ကိုယ်က ကြိုတင်လေ့လာ ပြင်ဆင်ပြီးတော့မှ သွားယူရမှာ ဖြစ်တဲ့အတွက် ဒီဥစ္စာ ကျနော်တို့ကိုယ်တိုင် သတင်းသမားတွေရဲ့ ကိုယ်တိုင်ပြင်ဆင်ဖို့ လိုသလို တဘက်မှာလည်း အစိုးရကလည်း ဒီ့ထက်ပိုပြီးတော့ အာမခံချက်တွေ ရှိလာအောင် လုပ်ပေးဖို့လည်း လိုတယ်။ အထူးသဖြင့်ကတော့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်တာ အရေးအကြီးဆုံးပါပဲ" လို့ ဆိုပါတယ်။

မြန်မာဓာတ်ပုံသတင်းထောက်တွေ အပါအဝင် ပြည်တွင်းပြည်ပက ဓာတ်ပုံဆရာတွေ ပါဝင်တဲ့ ရန်ကုန်ဓာတ်ပုံပွဲတော် ၂၀၁၆ ကို ပြင်သစ်ယဉ်ကျေးမှုစင်တာမှာ ကျင်းပနေပြီး မြန်မာနိုင်ငံက စစ်ပွဲပုံရိပ်တွေ၊ ပဋိပက္ခပုံရိပ်တွေ၊ သယံဇာတထိခိုက်မှု ပုံရိပ်တွေ အပါအ၀င် ဓာတ်ပုံများစွာကို ဒီလကုန်အထိ ပြသထားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013