
ဆိုနီကုမ္ပဏီက နှစ်စဉ်စီစဉ်ကျင်းပတဲ့ 2016 Sony World Photography Awards ပြိုင်ပွဲ National Awards ကဏ္ဍမှာ မြန်မာ ဓာတ်ပုံဆရာ ၃ ဦးရဲ့ လက်ရာ ၃ ခု ရွေးချယ်ခံခဲ့ရပါတယ်။ သံဃာတော်တွေကို ဆွမ်းလောင်းနေတဲ့ တောင်တန်းဒေသက တိုင်းရင်းသားတွေရဲ့ ပုံရိပ်နဲ့ ဓာတ်ပုံဆရာ ကျော်ဗိုလ်ဗိုလ်ဟန်က ပထမဆု ရရှိပါတယ်။
ဝါကျွတ်ချိန် ဦးပဉ္စဇင်း တပါးကို ကလေးငယ်တွေ ကန်တော့နေတဲ့ဓာတ်ပုံနဲ့ ဓာတ်ပုံဆရာ ဟယ်လင်က ဒုတိယဆုရပြီး အဖိုးအိုတဦး ဆေးလိပ်ထိုင်ဖွာနေတဲ့ စိုင်းအောင်မိန်းရဲ့ ဓာတ်ပုံ ကတော့ တတိယဆုရွေးချယ်ခံရပါတယ်။
နိုင်ငံပေါင်း ၆၀ ကနေ အသီးသီးဆုရွေးချယ်ခံရတဲ့ ဓာတ်ပုံတွေကို လာမယ့် ဧပြီ ၂၂ ရက်ကနေ မေ ၈ ရက်ထိ ယူကေနိုင်ငံ လန်ဒန်မြို့မှာ ဓာတ်ပုံပြခန်းဖွင့်လှစ် ပြသသွားဖို့ရှိပါတယ်။










