DVB Logo
Home
မြန်မာသတင်း
မရှိသေးသည့် ၀န်ကြီးဌာနသစ် ၁ ခု ဖွဲ့စည်းမည်
DVB
·
March 17, 2016
မရှိသေးသည့် ၀န်ကြီးဌာနသစ် ၁ ခု ဖွဲ့စည်းမည်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အစိုးရဖွဲခွင့်ရရှိတာဖြစ်ပြီး ပြည်သူတွေအတွက် အကျိုးရှိ စေမယ့်လုပ်ငန်းတွေမှာ အသုံးစရိတ်ပိုမိုရရှိစေရန် လက်ရှိ ရှိနေတဲ့ ၀န်ကြီးဌာနတွေကို လျော့ချကာ တိုင်းရင်းသားအရေးအတွက် ဆောင်ရွက်နိုင်မယ့် ၀န်ကြီးဌာန (၁) ခုကိုတော့ သတ်မှတ်အကောင်အထည်ဖော်မှာဖြစ်တယ် လို့ သိရပါတယ်။

"ပြည်ထောင်စုလွတ်တော်ကနေ သဘောတူထားတာ တစ်ခုတော့ရှိတယ်။ တိုင်းရင်းသား အခွင့်အရေးဥပဒေဆိုတာ ရှိတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးတခု ဖွင့်လှစ်ပေးပါလို့ ပြောတဲ့ အတွက် တိုင်းရင်းသားရေးရာဝန်ကြီး တခုကတော့ အသစ်ပေါ်လာမယ်လို့" အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ဒီဗွီဘီနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။

ဦးသိန်းစိန်အစိုးရလက်ထပ်မှာ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန - ၁၊ သမ္မတရုံးဝန်ကြီးဌာန - ၂၊ သမ္မတရုံးဝန်ကြီးဌာန - ၃၊ သမ္မတရုံး ဝန်ကြီးဌာန - ၄၊ သမ္မတရုံးဝန်ကြီးဌာန - ၅၊ သမ္မတရုံးဝန်ကြီးဌာန - ၆၊ သာသနာရေးဝန်ကြီးဌာန၊ သမဝါယမဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေး- ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်သစ်တော ရေးရာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန ၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အလုပ်သမား- အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း- ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန စသည်ဖြင့် ၀န်ကြီးဌာန (၃၆)ဌာနရှိနေခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကဦးဆောင်မယ့် အစိုးရသစ်လက်တက်မှာတော့ ၀န်ကြီးဌာန ၉ ခုဝန်းကျင် လောက်ကို လျော့ချ ပေါင်းစည်သွားမှာဖြစ်ပါတယ်။

"နိုင်ငံတကာနဲ့ ယှဉ်ရင်ကျနော်တို့ အစိုးရဆိုက်က တော်တော်ကိုများတယ်။ များတဲ့အတွက် သုံးထားတဲ့ လစာတွေ၊ အသုံးစရိတ်တွေ၊ အဆောင်အယောင်တွေ ရပိုင်ခွင့်တွေလည်း များကြီး ကုန်ကျတယ်။ အဲဒါတွေကို လျော့ချပြီး ပြည်သူအတွက် ပိုသုံးနိုင်လိမ့်မယ်လို့ ဒါကြောင့်မလို့ ပေါင်းလိုရတာတွေကို ပေါင်းမှာပါလို့" အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ဒီဗွီဘီနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။

ဒါကြောင့် ၀န်ကြီးဌာနပေါင်း ၃၆ ဌာနရှိတဲ့အတွက် ၀န်ကြီးအပါအ၀င် ဒုဝန်ကြီးပေါင်း ၉၀ ကျော်ရှိနေတာဖြစ်ပါတယ်။ (သတင်း - အောင်ကိုကိုလတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013