DVB Logo
Home
မြန်မာသတင်း
ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ် ၂ ဦးကို ထောင် ၃ နှစ်ချ
DVB
·
March 16, 2016
ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုဖြင့် ရခိုင်လူငယ် ၂ ဦးကို ထောင် ၃ နှစ်ချ
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တရားရုံးကနေ ရက္ခိုင့်တပ်မတော်နဲ့ ဆက်သွယ် ပတ်သက်မှုရှိတယ်လို့ ဆိုပြီး ရခိုင်လူငယ် ၂ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်။

ဒီကနေ့ ကျောက်တော်မြို့နယ်တရားရုံးက အမိန့်ချလိုက်တာနဲ့ပတ်သက်ပြီး ထပ်မံအယူခံ တင်ဖို့ လုပ်ဆောင်သွားမယ်လို့ အဲ့ဒီအမှုကို လိုက်ပါဆောင်ရွက်နေသူရှေ့နေ ဦးထွန်းလှက ဒီဗွီဘီကို အခုလို ပြောပါတယ်။

“ဟုတ်ကဲ့ပါ၊ ဒီကနေ့ ၁၀ နာရီလောက်မှာ အမိန့်ချလိုက်တာပါ။ သူတို့နှစ်ယောက်ကို မတရားအသင်း ဆက်သွယ်မှုနဲ့ထောင်ဒဏ် ၃ နှစ်စီချလိုက်ပါတယ်။ ကျနော်တို့အယူခံဝင်ဖို့ အခြေအနေရှိပါတယ်။ သူတို့ သဘောတူညီမှုကိုအရင်ဆုံးယူပါမယ်။ ပြီးတော့ အယူခံဝင်ဖို့ ကျနော်တို့လုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။

မကြာသေးခင်က ဘူးသီးတောင်တရားရုံးကလည်း ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွှဲနေ တယ်လို့ ဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ၄ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပါတယ်။

အမှုကို  လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ကိုဇော်ဝင်းကိုက “ပြီးခဲ့တဲ့ အပတ် ကတည်းက အမိန့်ချမလို့ပါပဲ။ ဒါပေမယ့်သူတို့ ၀န်မခံဘူး။ ဒီကနေ့မှာတော့ သူတို့ ၀န်ခံလိုက်တဲ့ အတွက်ကြောင့် အမိန့်ကို တခါတည်းချလိုက်ပါတယ်။ ထောင်သုံးနှစ်ချလိုက်တယ် ပေါ့လေ။ ကျနော်တို့စဉ်းစားထားတာက အယူခံဝင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကျနော်တို့ ဘက်က မအားလပ်တဲ့ ကြားကနေ မဖြစ်မနေ အယူခံဝင်သွားမှာပါ’’လို့ ဆိုပါတယ်။

ထောင် ၃ နှစ် ချခံရသူ ၂ ဦးမှာ ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာနေ မောင်ကျော်မိုးလှိုင်နဲ့ မင်းပြားမြို့နယ် ကုလားမတောင် ကျေးရွာနေထိုင်တဲ့  မောင်အောင်သန်းတင် တို့ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် မတ်လကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်၍ စစ်တွေ၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ဘူးသီးတောင်တို့မှာ ဒေသခံတချို့ကို မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးတရားစွဲဆို ခံခဲ့ရပါတယ်။

ထောင်ဒဏ် ၃ နှစ်စီချလိုက်တဲ့သူ ၂ ဦးကို ၂၀၁၅ ဧပြီလမှာ အစိုးရတပ်မတော်မှ ဖမ်းဆီးခဲ့ပြီး၊ ဒီကနေ့ကျောက်တော်မြို့နယ်တရားရုံးက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ၁၇ (၂)နဲ့ ထောင်ဒဏ် ၃ နှစ်ချလိုက်တာဖြစ်ပါတယ်။ (သတင်း - ဇော်ခ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013