DVB Logo
Home
မြန်မာသတင်း
တီကျစ်ကျောက်မီးသွေးစက်ရုံနှင့် မိုင်းတွင်းကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်
DVB
·
March 16, 2016
တီကျစ်ကျောက်မီးသွေးစက်ရုံနှင့် မိုင်းတွင်းကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ တီကျစ်ကျေးရွာအနီးက ကျောက်မီးသွေးစက်ရုံနဲ့ မိုင်းတွင်းကြောင့် ကျေးရွာဒေသခံတွေ အနံ့ဆိုးတွေကြောင့် ကျန်းမာရေးထိခိုက်ပြီး အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်ပွားနေပါတယ်။

တီကျစ် ကျောက်မီးသွေးစက်ရုံ ယာယီရပ်ဆိုင်းထားပေမယ့်လည်း ကျောက်မီးသွေးတွင်းကို ည ၉ နာရီနောက်ပိုင်းကနေ မနက်အချိန်ထိ နေ့စဉ်တူးဖော်သလို တီကျစ်ကျေးရွာ နေအိမ်တွေနဲ့ ပေ ၄၀ လောက်သာ ကွာဝေးတာကြောင့် အနံ့ဆိုးတွေ ထွက်လာပြီး ကျန်းမာရေးထိခိုက်မှုတွေ ကြုံတွေ့နေရတယ်လို့ တီကျစ်ကျေးရွာဒေသခံ ဦးထွန်းခင်က ပြောပါတယ်။

တီကျစ်ကျောက်မီးသွေးစက်ရုံက ထွက်တဲ့ ကျောက်မီးသွေးပြာမှုန့်တွေကလည်း လေနဲ့အတူ တီကျစ်ရွာကို လွင့်ပါမှုတွေကြောင့် ဒေသခံတွေ ကျန်းမာရေး ထိခိုက်နေကြတဲ့အပြင် လယ်ယာမြေတွေလည်း ထိခိုက်မှုရှိနေတယ်လို့ ဒေသခံ ခွန်စိုးမောင်က ပြောပါတယ်။

“ဒီလိုမျိုး မိုးတွင်းဆိုတော့ တော်တော်လေးကို နံတာ။ နောက်ပြီး ကျောက်မီးသွေးရဲ့ ပြာမှုန့်တွေက တော်တော်လေးကို ဖုံးလွှမ်းသွားပြီ။ အရင်တုန်းက လည်ခဲ့တဲ့ ကျောက်မီးသွေးရဲ့ ပြာမှုန့်တွေ ၅ မိုင်ပတ်လည်ဆို ပြာမှုန့်တွေက ဖုံးလွှမ်းနေတာ။ အိပ်တဲ့အချိန်မှာ ဒီရဲ့အငွေ့အသက်တွေက အမြဲတမ်း ကိုယ်က ရှူရှိုက်မိနေတယ်။ ဒီကျောက်မီးသွေးရဲ့ အငွေ့တွေပေါ့။ အဲလိုမျိုး အနံ့တွေက အရမ်းပြင်းတာ။ ခေါင်းတွေကိုက်လာတာတွေ ဘာတွေလည်း ဖြစ်လာတာပေါ့။ ခေါင်းတွေတော့ တော်တော်ကိုက်တယ်ပေါ့။”

တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံဟာ ၁၂ဝ မဂ္ဂါဝပ်စက် တပ်ဆင်အားရှိတဲ့ စက်ရုံဖြစ်ပြီး ၂၀၀၅ ခုနှစ် ဧပြီ ၁၂ ရက်နေ့က ဖွင့်လှစ်ခဲ့တာပါ။

ဒီစက်ရုံဟာ လောလောဆယ် လည်ပတ်မှု ရပ်ဆိုင်းထားပြီး စက်ရုံတာဝန်ရှိသူကိုတော့ ဒီဗွီဘီက မေးမြန်းခွင့် မရခဲ့ပါဘူး။

ကျောက်မီးသွေးစက်ရုံက ထွက်ရှိတဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ်ရဲ့ ၉၇ ရာခိုင်နှုန်းဟာ ကလေးတွေရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားစေတဲ့အပြင် ကျောက်မီးသွေးကနေထွက်တဲ့ မိုလီဒီနမ် အဆိပ်တမျိုးကြောင့်လည်း တိရစ္ဆာန်တွေ ကြီးထွားမှုနှေးတာ၊ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားတာတွေလည်း ဖြစ်ပေါ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013