DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုအစိုးရ ဆိုင်းငံ့ထားသော်လည်း မြေဆက်သိမ်းနေ
DVB
·
March 16, 2016
ပြည်ထောင်စုအစိုးရ ဆိုင်းငံ့ထားသော်လည်း မြေဆက်သိမ်းနေ
1 / 2
Donate to DVB

ပြည်ထောင်စုအစိုးရက စီမံကိန်းကို ဆိုင်းငံ့လိုက်ပေမယ့် မြန်မာ့မီးရထားက လယ်မြေတွေကို သိမ်းဖို့ ဆက်ပြီးဆောင်ရွက်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။

ဒဂုံမြို့သစ် အရှေ့ပိုင်းက မြေဧက ၇၅၀ ကျော်ကို စီမံကိန်းလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သိမ်းယူခဲ့တာလို့ သူတို့က ပြောတာပါ။

အဲဒီစီမံကိန်းတွေကို ပြည်ထောင်စုအစိုးရက ထုတ်ပြန်ခဲ့ပေမယ့် သိမ်းဆည်းရေး၊ လျော်ကြေးပေးရေး ကိစ္စတွေကို ဆက်လုပ်နေတယ်လို့ မတ်လ ၁၅ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြောဆိုခဲ့တာပါ။

လယ်မြေတွေကို ၁၉၉၂ မှာ မြို့မြေအဖြစ် သတ်မှတ်သိမ်းယူခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ စီမံကိန်းပျက်တာကြောင့် မူလပိုင်ရှင်တွေကို ပြန်ပေးခဲ့တယ်လို့ ပြောပါတယ်။

“အဲဒီနောက်မှာ လယ်ပိုင်ရှင်တွေက သူတို့လယ်တွေကို ရောင်းကြတာတွေ ရှိတယ်။ ကျမလည်း မ၀ယ်ခင်မှာ ရပ်ကွက်၊ မြို့နယ်တွေက ထောက်ခံစာတွေရမှ ၀ယ်ပြီး အမည်ပေါက်ပြောင်းခဲ့တာ။ ၀ယ်တဲ့အချိန်ကနေ ခုထိ လယ်လုပ်နေတုန်းပဲ”လို့ လယ်ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ မနန္ဒီမောင်မောင်လွင်က ပြောပါတယ်။

ပြီးတော့ ဒီ မတ်လအစပိုင်းမှာတော့ လယ်မြေတွေထဲမှာ တိုင်တွေလာစိုက်တာ၊ လယ်သမားတွေကို လျော်ကြေးပေးမယ်လို့ ခေါ်ယူ ပြောဆိုတာတွေ ရှိလာပါတယ်။

“မတ်လ ၄၊ ၅ ရက်လောက်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့တွေ့တယ်။ ဘာကြောင့် လက်ရှိပိုင်ရှင်တွေကို မလျော်ပဲ မူလပိုင်ရှင်တွေကို လျော်တာလည်း မေးတယ်။ ရုံးကတဆင့် မူလပိုင်ရှင်တွေဆီက ပြန်တောင်းပေါ့လို့ ပြောတယ်။ တရားစွဲပါပြီ တဲ့။ ထောင်ကျမှာက ဘာမှ မသိတဲ့ လယ်သမားတွေ။ သူတို့ လုပ်ပုံက ပြည်ထောင်စု အစိုးရရဲ့ ညွှန်ကြားချက်ကိုလည်း ဖောက်ဖျက်တယ်။ အောက်ခြေက လယ်သမားတွေကိုလည်း ဒုက္ခရောက်အောင်လုပ်တယ်” လို့ မနန္ဒီမောင်မောင်လွင်က ဆက်ပြောပါတယ်။”

တစ်ဧကကို ကျပ်သိန်း ၃၀ ပေးမယ်လို့ မူလ လယ်ပိုင်ရှင်တွေကို ပြောဆိုလာခဲ့တာပါ။

“ကျွန်မလယ်ကို သိန်း ၂၀၀ ပေးတုန်းကတောင် မရောင်းခဲ့တာလို့ ပြောလိုက်တယ်။ ဒါမရှိရင် နေစရာလည်း မရှိဘူး ပြောတော့ နေစရာစီစဉ်ပေးမယ်လို့ ပြောတယ်” လယ်ပိုင်ရှင် တစ်ယောက်ဖြစ်တဲ့ ဒေါ်စိန်မြင့်က ပြောပါတယ်။

မြန်မာနိုင်ငံ အ၀န်းမှာ စစ်တပ်၊ ဌာနဆိုင်ရာနဲ့ ကုမ္ပဏီတွေက သိမ်းဆည်းခဲ့တဲ့ မြေဧကပေါင်း သိန်းချီ ရှိခဲ့ပြီး ပြီးခဲ့တဲ့ လွှတ်တော်နဲ့ အစိုးရသက်တမ်းမှာ မဖြေရှင်းနိုင်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013