
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကျပ်သိန်းပေါင်း ၁၃၈၀၀ ကျော်ကုန်ကျခံ တည်ဆောက်ထားတဲ့ ဘွဲ့နှင်းသဘင်ခန်းမဆောင် နံရံတွေ အက်ကွဲလာတယ်လို့ ကယားပြည်နယ် ကျောင်းသားသမဂ္ဂက ပြောပါတယ်။
လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်ရှိ ကျောင်းသားသမဂ္ဂရုံးမှာ ကယားပြည်နယ် ကျောင်းသားသမဂ္ဂက ဒီနေ့ မနက်ပိုင်းမှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာပင် ဖွင့်ပွဲနဲ့အတူ ဘွဲ့ပေးပွဲ အခမ်းအနားပြုလုပ်ပြီး ရက်ပိုင်းအကြာမှာ နံရံတွေ အက်ကွဲလာတာဖြစ်ပါတယ်။
ကယားပြည်နယ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကို KMG ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
သတင်းဓာတ်ပုံ - ပြည်ဟိန်းကျော်










