DVB Logo
Home
မြန်မာသတင်း
ထိုင်းရဲအရာရှိကို သတ်မှုဖြင့် မယ်လဒုက္ခသည် ၄ ဦး ဖမ်းဆီးခံရ
DVB
·
March 16, 2016
ထိုင်းရဲအရာရှိကို သတ်မှုဖြင့် မယ်လဒုက္ခသည် ၄ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းရဲအရာရှိတဦးကို သတ်ဖြတ်မှုနဲ့ မယ်လဒုက္ခသည်စခန်း ဇုန် C4B မှာ နေထိုင်တဲ့ ဒုက္ခသည်လူငယ် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က မနေ့ညက ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ နိုအာရာ (၂၄) နှစ်၊ ကာမာဒင် (၁၈) နှစ်၊ မက်စဖီ ၂၁ နှစ်နဲ့ ကို ဟိုရှည်တို့ ဖြစ်ပါတယ်။

သူတို့ ၄ ဦးဟာ မနေ့ညနေပိုင်းက မြန်မာပြည်ဘက်ခြမ်းက ဆိတ်တွေ မောင်းလာရာကနေ ထိုင်းရဲက တားဆီးခဲ့တဲ့အတွက် အဆိုပါ ရဲကို သတ်ဖြတ်ခဲ့တာလို့ ၀န်ခံကြောင်း စခန်းလုံခြုံရေး တာဝန်ခံ ဆရာနိုင်ဦးက ပြောပါတယ်။

“သူတို့က နယ်စပ်ချောင်းဟိုဘက်ကမ်းမှာ ဆိတ်သွားယူလာတယ်။ သူထိုင်းဘက်ကမ်း ရောက်တော့ ထီးနိုထ ရွာနားမှာ အသတ်ခံရတဲ့ အဲဒီပုလိပ်နဲ့ တောင်ယာမှာ ဆုံတယ်။ ပုလိပ်က ဆိတ်တွေကို အရောင်းအ၀ယ်လုပ်တာလား မေးတာပေါ့၊ သူတို့ ဆိတ်ကို ဗမာပြည်ထဲမှာ မွေးထားတာ၊ မယ်လစခန်းမှာ ပြန်ထားဖို့  သွားယူလာတာပေါ့။ ပုလိပ်ကလည်း ဒီလမ်းမှာ မဖြတ်သွား မဖြတ်လာဖို့ ပြောခဲ့တယ် ဘာညာပေါ့။ အဲမှာ မွတ်စလင် ၄ ယောက်က သတ်လိုက်တာ။”

ဒုက္ခသည် ၄ ဦးဟာ ရဲကို သူတို့ပါလာတဲ့ ဓားမြှောင်နဲ့ထိုးသတ်ခဲ့သလို ရဲရဲ့သေနတ်ကို ယူပြီးလည်း ပြန်လည် သတ်ဖြတ်ခဲ့တယ်လို့ ပြောဆိုကြောင်းလည်း ပြောပါတယ်။

ထိုင်းရဲကို သတ်ပြီး အဆိုပါ ၄ ဦးဟာ မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်လည်ထွက်ပြေးသွားခဲ့ပါတယ်။

ထိုင်းတာဝန်ရှိတွေရဲ့ အကြောင်းကြားချက်အရ စခန်းလုံခြုံရေးတာဝန်ရှိသူကနေတဆင့် မြန်မာပြည်ဘက်ကခြမ်းက ကရင်ငြိမ်းချမ်းရေးအဖွဲ့နဲ့ဆက်သွယ်အကူညီတောင်းခံခဲ့တဲ့အတွက် သူတို့အဖွဲ့ရဲ့ကူညီမှုကြောင့် ဒုက္ခသည် ၄ ဦးကို မနေ့ည ၁၁ နာရီလောက်မှာ ဖမ်းဆီးရမိပြီး ထိုင်းရဲလက်ထဲကို ပြန်အပ်နှံလိုက်တယ်လို့လည်း ဆရာနိုင်ဦးက ပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ ထိုင်းရဲအရာရှိကတော့ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရဲစခန်း အရာခံဗိုလ် ဖိုင်းထွန်းဆာဘုဝန့် အသက် ၄၁ နှစ်ဖြစ်ပါတယ်။

ဒုက္ခသည် ၄ ဦးကိုတော့ တာ့ခ်ခရိုင် အထူးစုံစမ်းစစ်ဆေးရေးရုံးမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013