DVB Logo
Home
မြန်မာသတင်း
ဒေသန္တရကျန်းမာရေး ဆေးခန်းများ၏ အခန်းကဏ္ဍများ မြှင့်တင်ပေးရန် လိုအပ်
DVB
·
March 16, 2016
ဒေသန္တရကျန်းမာရေး ဆေးခန်းများ၏ အခန်းကဏ္ဍများ မြှင့်တင်ပေးရန် လိုအပ်
Donate to DVB

မြန်မာနိုင်ငံမှာရှိတဲ့ ဒေသန္တရ ကျန်းမာရေးဆေးခန်းတွေရဲ့ အခန်းကဏ္ဍတွေကို မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

ဒေသန္တရဆေးခန်းတွေဟာ မြို့နယ်တိုင်းမှာ ရှိနေပေမယ့်လည်း ပြည်သူတွေအနေနဲ့ နာမကျန်းတခုခုဖြစ်ပါက ဆေးရုံ ဆေးပေးခန်းတွေကိုသာ သွားရောက်ကုသနေကြပါတယ်။

ဒေသန္တရဆေးခန်းတွေ အနေနဲ့ကလည်း ကာကွယ်ဆေးနဲ့ထိုးတဲ့ အဆင့်လောက်ပဲ ရှိတော့တာကြောင့် အဲ့ဒီဆေးခန်းတွေရဲ့ အခန်းကဏ္ဍတွေကို ပိုမိုမြှင့်တင်ပေးသင့်တယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ရှိန်က ပြောပါတယ်။

“ကျမတို့ ဒေသန္တရဆေးခန်းတွေက မြို့နယ်အဆင့်တွေမှာ၊ ဒီမြို့ကြီးတွေမှာကျတော့ မြို့နယ်အဆင့်မှာရှိပါတယ်၊ ဟိုမှာကျတော့ ဆရာတို့ပြောပုံအရဆိုရင် ကျမတို့ဆေးခန်းက မြို့နယ်နဲ့ တိုက်နယ်အဆင့်မှာ တည်ရှိတာပေါ့လေ။ ဆိုတော့ အဲ့ဒါဆိုရင် ကျမတို့ ခုနကပြောတဲ့ ဆေးရုံဆေးပေးခန်းကို လူနာတွေ မရောက်နိုင်တဲ့၊ ဒီဒေသန္တရဆေးခန်းကိုရောက်အောင်၊  ဒီဒေသန္တရမှာ nurse တွေပဲ မဟုတ်ပဲနဲ့ ဆရာဝန်တွေလည်း ထိုင်မယ်ပေါ့နော်။ နောက်ပြီးတော့ equipment တွေလည်း ရှိမယ်ဆိုရင်တော့ ဒါမျိုးက ဖြစ်နိုင်ပါတယ်၊ နောက်တခုက ဒါကတော့ ကျမတို့ first aid (ရှေးဦးသူနာပြု) နဲ့လည်း နည်းနည်းဆိုင်ပါတယ်။ ကြက်ခြေနီရဲ့ first aid ကို မြင်ရတဲ့အခါမှာ အသက်တွေကို အများကြီးကယ်ပါတယ်။ ဥပမာ ယာဉ်တိုက်မှုဖြစ်ရင် လူတွေဝိုင်းကြည့်တယ်၊ လူ ၂၀၀ လောက်က ၀ိုင်းကြည့်တယ်၊ ဒါပေမယ့် first aid လုပ်ပေးမယ့်သူ မရှိဘူး၊ လူနာကသွေးလွန်ပြီး သေသွားတယ်။ ဒဏ်ရာက မကြီးပေမယ့် ရှောခ့်လိုဟာမျိုးရပြီးတော့ လူနာက ဆုံးသွားတဲ့ဟာမျိုးတွေ အများကြီးရှိတယ်၊ ဆိုတော့ ပြည်သူလူထုထဲမှာ first aid တတ်တဲ့သူရှိတယ်၊ ဒီလိုမျိုး အခြေခံတွေမှာ အကူအညီတွေတော့ ပေးနိုင်တာပေါ့လေ။ ဒါကြောင့်မို့ ကျမတို့က လူထုကို ကျန်းမာရေးအသိတွေ ရဖို့အတွက် ခုနကပြောတဲ့ Red Cross (ကြက်ခြေနီအသင်း) ရဲ့ အင်အားနဲ့ အတူတူ ကျမတို့ ဒေသန္တရ ကျန်းမာရေးရဲ့ အဆင့်ကိုမြှင့်ရင်းနဲ့ လုပ်နိုင်မယ်လို့ ကျမတို့ ယူဆပါတယ်။”

မြန်မာနိုင်ငံမှာ ဆေးရုံအဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နေပေမယ့်လည်း ကာကွယ် စောင့်ရှောက်မှုတွေ လုပ်ဆောင်ခြင်း မရှိတဲ့အတွက် ကျန်းမာရေးကဏ္ဍတွေ ကျဆင်းလာရတာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေးဆိုင်ရာ ကျန်းမာရေးကွန်ရက်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာကျော်ဇောက ပြောပါတယ်။

“ကာကွယ်ရေးကို မလုပ်ခဲ့လို့ အဓိကက ကျနော်တို့ မြို့နယ်ဆေးရုံ၊ မြို့နယ်ဆေးရုံရဲ့အောက်မှာ တိုက်နယ်ဆေးရုံတွေရှိတယ်၊ တိုက်နယ်ဆရာဝန်လုပ်တဲ့သူတွေဟာ အရေးပေါ် ခွဲစိတ်ကုသမှုတွေ၊ ကလေးမွေးဖွားမှုတွေ လုပ်ပေးနိုင်ရမယ်၊ အဲဒီဟာကို ကျနော်တို့က သင်ကြားပေးရမယ်၊ သူတို့ကို တတ်အောင်လို့၊ အဲဒီအဆင့်မှာ ဖြေရှင်းလိုက်ရင် ကလေးမွေးတာ ဒီမှာခွဲမွေးလိုက်ရင် ပြီးသွားပြီလေ၊ မြို့ကိုလာစရာ မလိုတော့ဘူး။ သူတို့အတွက်လည်း နံပါတ်တစ်က စရိတ်ကုန်ကျမှု သက်သာတယ်။ အခုဟာက လယ်သမားတယောက်က မိသားစုတယောက် နေမကောင်းဖြစ်ပြီဆိုရင် သူတို့ဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းကို သုံးရတယ်။ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) က သတ်မှတ်ထားတာက မိသားစုဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းက အများဆုံးပဲ၊ ဒီ့ထက်ပိုမသုံးရဘူး၊ သုံးနေရင် အဲ့ဒီ ကျန်းမာရေး system ကြီးက မဟုတ်တော့ဘူး၊ ကျနော်တို့မြန်မာပြည်မှာက အဲ့လိုဖြစ်နေတယ်။”

မြန်မာနိုင်ငံကြက်ခြေနီအသင်းကလည်း ရှေးဦးသူနာပြုစုနည်း သင်တန်းတွေ၊ အခြေခံကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ပေးဖို့အတွက် စီစဉ်နေတယ်လို့လည်း သိရပါတယ်။ လာမယ့် အစိုးရသစ်လက်ထက်မှာတော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့အတွက် ပုဂ္ဂလိကနဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ ဆရာဝန်တွေက သုံးသပ်ကြပါတယ်။

သတင်း၊ ဓာတ်ပုံ - နွယ်နီ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013