DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာသတင်းစာများ ခေါင်းကြီးပိုင်းတွင် နေရာယူခဲ့သည့် မြန်မာ့သမ္မတသစ်
DVB
·
March 16, 2016
နိုင်ငံတကာသတင်းစာများ ခေါင်းကြီးပိုင်းတွင် နေရာယူခဲ့သည့် မြန်မာ့သမ္မတသစ်
1 / 5
Donate to DVB

မတ် ၁၅ ရက်မှာ မြန်မာသမ္မတသစ် ဦးထင်ကျော်ကို ရွေးချယ်လိုက်တဲ့သတင်း မတ် ၁၆ ရက် နိုင်ငံတကာ သတင်းစာတွေက ခေါင်းကြီးပိုင်းတွေမှာ အသားပေး ဖော်ပြကြပါတယ်။

အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာအတွက် ထုတ်ဝေတဲ့ နယူးယောက်တိုင်းမ် သတင်းစာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့ သတင်းကို ဖော်ပြထားပါတယ်။

ဒါအပြင် အရှေ့တောင်အာရှဒေသတွင်းမှာ သြဇာကြီးတဲ့ ဘန်ကောက်ပို့စ် သတင်းစာ ကလည်း မြန်မာခေါင်းဆောင်သစ်ရွေးဆိုတဲ့ ခေါင်းကြီးစာသားနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် တွဲလျက်ပုံကို ဝေေ၀ဆာဆာတင်ပြထားပါတယ်။

ထိုင်းနေရှင်းသတင်းကလည်း မြန်မာအရပ်သား သမ္မတရွေးချယ်ဆိုတဲ့ ခေါင်းကြီးနဲ့ သမ္မတသစ် ဦးထင်ကျော်ရဲ့ ပုံကို ဖော်ပြထားပါတယ်။

စင်ကာပူ တူဒေးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် တွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့ သမ္မတသစ် ရွေးချယ်တဲ့သတင်း ဓာတ်ပုံကို အသားပေးတင်ပြထားပါတယ်။

တခြားသတင်းဌာနတွေဖြစ်တဲ့ စီအန်အန်၊ ယူကေထုတ်သတင်းစာတွေ၊ သည်ဂါးဒီးယန်း၊ အာအက်အေ၊ ဗွီအိုအေ၊ ဘီဘီစီ၊ ဆင်ဟွာ တို့ကလည်း ဖော်ပြခဲ့ကြပါတယ်။

မတ် ၁၅ ရက် ပြည်ထောင်စု လွှတ်တော်မှာ သမ္မတသစ် ဦးထင်ကျော်၊ ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေနဲ့ ဒုသမ္မတ ၂ ဦးဟင်နရီ ဗန်ထီးယူတို့ကို ရွေးချယ်လိုက်ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013