DVB Logo
Home
မြန်မာသတင်း
ကသာတွင် လူသတ်၊ ပစ္စည်းယူသွားသည့် တရားခံကို ရွှေထည်များနှင့်အတူ ဖမ်းမိ
DVB
·
March 16, 2016
ကသာတွင် လူသတ်၊ ပစ္စည်းယူသွားသည့် တရားခံကို ရွှေထည်များနှင့်အတူ ဖမ်းမိ
1 / 4
Donate to DVB

ကသာမြို့နယ်မှာ မတ်လ ၁၂ ရက်က ဖြစ်ပွားခဲ့တဲ့ လူသတ်ပြီးပစ္စည်းယူသွားတဲ့ တရားခံကို ရွှေထည်ပစ္စည်းတွေနဲ့အတူ မတ်လ ၁၅ ရက်နေ့က ဖမ်းမိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျောက်ထုံးကြီး ကျေးရွာအုပ်စု နွယ်နီကျေးရွာ သစ်ကွက်အမှတ် ၁၃ မှာ နေထိုင်တဲ့ အသက် ၅၂ နှစ်အရွယ်  ဒေါ်ပွေးကိုသတ်ပြီး ပစ္စည်းတွေ ယူသွားမှု မတ်လ ၁၂ ရက်နေ့မှာ ဖြစ်ပွားခဲ့ရာ လူသတ်တရားခံ ကျော်လင်းထွန်းကို မတ်လ ၁၅ ရက်နေ့မှာ ဖမ်းမိရမိခဲ့တာပါ။

မတ် ၁၂ ရက်နေ့ မနက်အစောပိုင်းက ကျောက်ထုံးကြီးကျေးရွာအုပ်စု နွယ်နီကျေးရွာ သစ်ကွက်အမှတ် ၁၃ မှာ နေထိုင်တဲ့  သေဆုံးသူဒေါ်ပွေးနေအိမ်မှာ တဦးတည်းရှိနေစဉ် လူသတ်သမားက သတ်ဖြတ်ပြီး ငွေနဲ့ ပစ္စည်းတွေကို ယူဆောင်သွားတာကြောင့် ကသာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်အောင်မြင့် ဦးစီးတဲ့အဖွဲ့ဟာ   မတ်လ ၁၅ ရက်နေ့ ညနေ ၅ နာရီမှာ ကိုကျော်လင်းထွန်းကို ဖမ်းမိခဲ့ပါတယ်။

ကိုကျော်လင်းထွန်းကို စစ်ဆေးခဲ့ရာ  ဒေါ်ပွေးအား သတ်တာ ၀န်ခံပြီး ယူဆောင်သွားတဲ့ ရွှေထည်အလေးချိန် ၂၂ ကျပ်သားကျော်လောက်နဲ့ သက်သေခံဓားတို့ကို ပေးအပ်ခဲ့ပါတယ်။

ကသာမြို့နယ်  နွယ်နီကျေးရွာနေ အသက် ၁၈ နှစ်အရွယ် ကိုကျော်လင်းထွန်းကို ကသာမြို့မရဲစခန်းက (ပ)၆၉/၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂ အရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - ကိုကိုလင်း (အင်းတော်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013