DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ဆေးရုံကို လက်နက်ကိုင်အဖွဲ့ စီးနင်း (ရုပ်သံ)
DVB
·
March 16, 2016
ထိုင်းတောင်ပိုင်း ဆေးရုံကို လက်နက်ကိုင်အဖွဲ့  စီးနင်း (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ်ခရိုင် ဂျော်အိုင်ရောင့်မြို့နယ်ထဲမှာ လက်နက်ကိုင်အဖွဲ့နဲ့ ထိုင်းတပ်မတော် အမှတ် ၄ စစ်တိုင်းဒေသ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှု ဖြစ်ပွားပြီးတဲ့နောက် နယ်မြေချင်းဆက်စပ်နေတဲ့ မြို့နယ် ၃ ခုကို သက်ဆိုင်ရာက လုံခြုံရေး တင်းကျပ်ထားတယ်လို့ အိုင်အန်အန် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ ညနေပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်ပေါင်း ၄၀ ကျေ်ဟာ ဂျော်အိုင်ရောင့်ဆေးရုံထဲဝင်ေရာက်ပြီး ဆေးရုံအဆောက်အဦနဲ့ ၀န်ထမ်းတွေ၊ လူနာတွေကို အကာအကွယ်ယူကာ ထိုင်းတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့တွေဟာ ဆေးရုံဝန်ထမ်း ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ရဲ့လက်ကို ကြိုးတုတ်ခဲ့သလို ဆေးရုံကိုအကာအကွယ်ယူပစ်ခတ်မှုကြောင့် အဆောက်အဦနဲ့ တံခါးပေါက်မှန် တချို့လည်း ပျက်စီးခဲ့ပါတယ်။

ပစ်ခတ်မှုပြီးတဲ့နောက် တာဝန်ရှိသူတွေက နယ်မြေပြန်လည်ရှင်းလင်းရေး လုပ်ဆောင်ရာမှာ ကျည်ဆန်ခွံပေါင်း ၂၀၀၀ ကျော်တွေ့ရှိတယ်လို့ ချနယ် ၃ တီဗွီ သတင်းမှာ ဖော်ပြပါတယ်။

ကြိုးတုတ်ခံရသူအမျိုးသမီးကတော့ သူမဟာ ကိုယ်ဝန်နဲ့မို့ အကြမ်းမဖက်ဖို့ တောင်းဆိုခဲ့ပြီး လက်နက်ကိုင်တွေ ထွက်ခွါပြီးတဲ့နောက် ကြိုးတွေကို သူ့ဖာသာ ပြန်ဖြည့်နိုင်ခဲ့တယ်လို့ ချနယ် ၃ သတင်းထောက်ကို ပြောပါတယ်။

ထိုင်းတောင်ပိုင်း အမှတ် ၄ စစ်တိုင်းဌာနချုပ်  တိုင်းမှူး ဒုဗိုလ်ချုပ်ကြီး ၀ိဝပ် ပထုမ်ဖတ်ကတော့ အဆိုပါလက်နက်ကိုင်အဖွဲ့ဟာ ဘီအာရ်အန် အမည်ရှိ  တောင်ပိုင်းအကြမ်း ဖက်ခေါင်းေ ဆာင် လုကမန် လာတေ့ပို့ရင်းနဲ့ ဆေ့တီ ပူတေ့ ဦးဆောင်သော အဖွဲ့ကဖြစ်ပြီး၊ သူတို့အဖွဲ့ ထူထောင်ခြင်း ၅၆ နှစ်မြောက် နှစ်ပတ်လည် လှုပ်ရှားမှုတစ်ခု ဖြစ်နိုင်ကြောင်း၊ သူတို့ဟာ ဂျော်အိုင်ရောင့်နဲ့ ဂျနယ့်မြို့နယ်ကြား တောတောင်တွေထဲမှာ ထွက်ပြေးပုန်းရှောင်နေတယ်လို့ လည်း ခန့်မှန်းပြောဆိုပါတယ်။

အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ဖမ်းဆီးရမိနိုင်ဖို့ ထိုင်းတပ်မတော် အမှတ် ၅၆  နဲ့ အမှတ် ၄၈ ကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းပြီး အဆိုပါနေရာတ၀ိုက် ပိုက်စိပ် တိုက်ရှာဖွေနေသလို ဆက်စပ်နယ်မြေဖြစ်တဲ့ ယလားခရိုင် ဘန်နန်ဆဒါး ၊ ထန်တို နဲ့ ရာမန်း စတဲ့မြို့နယ် ၃ ခုကိုလည်း လုံခြုံရေးကြပ်မတ်ပြီး လာမယ့် မတ်လ ၂၀ ရက်နေ့ကစ အရေးပေါ်အခြေအနေနယ်မြေအဖြစ် သတ်မှတ်တယ်လို့  အမှတ် ၄ စစ်ဌာချုပ် တိုင်းမှူး ရဲ့ပြောဆိုချက်ကို ကိုးကားပြီး အိုင်အန်အန် သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းတောင်ပိုင်း   ဆုန်ခလာ၊  ပတ္တနီ နဲ့  နရာသီဝပ် စတဲ့ ခရိုင် ၃ ခုဟာ အစ္စလမ်ဘာသာဝင် မာလာယုလူမျိုးတို့  နေထိုင်ရာဒေသဖြစ်ပြီး ရှေးခေတ် ထိုင်းဘုရင်များ လက်ထက်မှာ အပြန်အလှန် နယ်မြေလုတိုက်ပွဲဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာကျော် နှစ်ရာနီးပါး ထိုင်းကျက္ကရီးဘုရင် ပထမမင်း ဆက်လက်ထက်မှာတော့ အဆိုပါနယ်မြေကို သိမ်းပိုက်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံအဖြစ် စုစည်းအုပ်ချုပ်ခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းအာဏာစက်အောက် မနေလိုတဲ့ ခွဲထွက်ရေးအဖွဲ့တွေကတော့ ဆက်လက် တိုက်ပွဲဝင်နေတဲ့အတွက် တောင်ပိုင်းဒေသမှာ မကြာခဏ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013