DVB Logo
Home
မြန်မာသတင်း
သမ္မတသစ်နှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု စစ်တပ်ကြေညာ
DVB
·
March 16, 2016
သမ္မတသစ်နှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု စစ်တပ်ကြေညာ
Donate to DVB

ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်မှုအတွက် တပ်မတော် အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ပြီး သမ္မတသစ်နဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာမှာ ဒီနေ့ ဖော်ပြထားတာ ဖြစ်ပြီး “ရှေ့ဆက်လှမ်းရမည့် ကိစ္စအရပ်ရပ်တွင် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ အပ်ပါသည်။” လို့ ဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဦးထင်ကျော်ကို လွှတ်တော်တွင်း သမတအရည်အချင်းစိစစ်ခဲ့တုန်းက တပ်ကိုယ်စားလှယ်က ဦးထင်ကျော်ဟာ ရွေးကောက်ခံ ကိုယ်စားလှယ် မဟုတ်လို့ ထောက်ခံခြင်းမပြုသလို ကန့်ကွက်တာလည်း မလုပ်ခဲ့ပါဘူး။

ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီက တင်ပြီး ပြည်ထောင်စုလွှတ်တော်က ရွေးကောက်ထားသူ သမ္မတဦးထင်ကျော်ကို မတ်လ ၁၅ရက်မှာ လက်ရှိသမ္မတဦးသိန်းစိန်က ဂုဏ်ယူဝမ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့ပြီး ဒီနေ့မှာ တပ်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013