DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီပြဿနာ လုံခြုံရေးခြိမ်းခြောက်မှု တခုဟု ဗိုလ်ချုပ်မှူးကြီး ပြော
DVB
·
March 16, 2016
ဘင်္ဂါလီပြဿနာ  လုံခြုံရေးခြိမ်းခြောက်မှု တခုဟု ဗိုလ်ချုပ်မှူးကြီး ပြော
Donate to DVB

ဘင်္ဂါလီပြဿနာဟာ မြန်မာနိုင်ငံအတွက် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတခု ဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

မတ်လ ၁၄ ရက်က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ၁၃ ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးမှာ သူက ပြောဆိုခဲ့တာဖြစ်ပြီး ဘင်္ဂါလီပြဿနာအပြင် အစွန်းရောက်နဲ့ အကြမ်းဖက်ဝါဒ အန္တရာယ်အား ကြိုတင်တားဆီးကာကွယ်နိုင်ဖို့ အာဆီယံဒေသတွင်း တိုးချဲ့လုပ်ဆောင်ကြရမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာပြည်ကို အင်္ဂလိပ်ကခေါ်လာလို့ ဘင်္ဂါလီတွေ ရောက်လာတာဖြစ်တယ်၊ သူတို့ဟာ ဘင်္ဂလားနယ်သားတွေဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ကိုလိုနီခေတ် ၁၈၇၂ ခုနှစ် သန်းခေါင်စာရင်းအရ စစ်တကောင်းသား ဘင်္ဂါလီ ၅၈၂၃၅ ဦးရှိခဲ့ပြီး ယနေ့ကာလ ၂၀၁၅ ခုနှစ် လူဦးရေစာရင်းအရ ၁၀၂၈၅၃၀ ဦးရှိနေတယ်၊ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ဘင်္ဂါလီမနေတဲ့မြို့နယ် ၄ မြို့နယ်သာ ကျန်ရှိတော့တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဘင်္ဂါလီတွေဟာ ကမ္ဘာ့နိုင်ငံတချို့ရှိ အစွန်းရောက် အဖွဲ့အစည်းများရဲ့ အကူအညီနဲ့  ရခိုင်ဒေသရှိ ဘင်္ဂါလီများအား ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုလာစေရန် ကြိုးပမ်းလုပ်ဆောင်နေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက စွပ်စွဲပြောကြားခဲ့ပါတယ်။

ဘင်္ဂါလီပြဿနာဟာ ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်စေနိုင်ခြင်းရှိ မရှိကို သက်ဆိုင်ရာ အဖွဲ့အစည်းများက သေချာစွာစိစစ်ရန် လိုအပ်နေတယ်လို့လည်း သူက ထောက်ပြ တောင်းဆိုခဲ့ပါတယ်။

၁၃ ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ မတ် ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013