DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့ မဇင်းဆည်တွင် လူငယ် ၁ ဦး ရေနစ်သေဆုံး
DVB
·
March 15, 2016
ပဲခူးမြို့ မဇင်းဆည်တွင် လူငယ် ၁ ဦး ရေနစ်သေဆုံး
Donate to DVB

ပဲခူးမြို့ မဲခုံကျေးရွာအုပ်စု မြသီတာကျေးရွာ မဇင်းဆည်အတွင်း လူငယ် ၁ ဦး ရေနစ်သေဆုံး နေတာကို မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ပါတယ်။

မတ်လ ၁၄ ရက်နေ့ မနက် ၉ နာရီခန့်က  မဇင်းဆည်မြောက်ဘက်ခြမ်း ဝါးရုံတာအနားမှာ ဆိုင်ကယ် ၁ စီးရပ်တန့်ထားကြောင်း မြသီတာကျေးရွာမှ ဆယ်အိမ်မှူး ဦးမြင့်အောင်မှ ပဲခူးမြို့ အမှတ် ၂ ရဲစခန်းသို့  သတင်းပို့ခဲ့တာကြောင့် စခန်းမှူး ရဲအုပ်စိန်လွင်၊ ဒုရဲအုပ် ကျော်မင်းထွန်း တို့အဖွဲ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

ဆိုင်ကယ်ပိုင်ရှင်မှာ ပဲခူးမြို့ ပန်းခြံကုန်းရပ်ကွက် စိတ္တသုခလမ်းမှ ဦအုန်းမြင့် ရဲ့သား ရန်နိုင်စိုး၂၁ နှစ်ဖြစ်ကြောင်း သိရတဲ့အတွက်  စခန်းမှူး စိန်လွင်အဖွဲ့မှ မဇင်းဆည်အတွင်း လိုက်လံရှာဖွေရာ ၁၁ နာရီအချိန်ခန့်မှာ မဇင်းဆည်မြောက်ဘက် မဲခုံကျေးရွာအုပ်စု မြသီတာ ကျေးရွာအနီးတွင် ခန္ဓာကိုယ်တစောင်းအနေအထားနဲ့ ရေပေါ်မှာ ခန္ဓာကိုယ်တောင့်တင်းပြီး သေဆုံးနေတာကြောင့် စခန်းမှူး ရဲအုပ်စိန်လွင်မှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ရဲလုပ်ငန်းများ ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက မဇင်းဆည်အတွင်း လူ ၃ ဦး ရေနစ်သေဆုံးခဲ့ပြီ အခုနှစ်မှာတော့ မတ်လအတွင်းမှာ ဆက်တိုက် ၂ ဦးသေဆုံးခဲ့ပါတယ်။ (သတင်းဓာတ်ပုံ - အောင်စိုးမိုး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013