DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်၏ လက်ခုပ်သံ (ရုပ်သံ)
DVB
·
March 15, 2016
ဒေါ်အောင်ဆန်းစုကြည်၏ လက်ခုပ်သံ (ရုပ်သံ)
Donate to DVB

မတ် ၁၅ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ထောက်ခံဆန္ဒမဲ အများဆုံးရရှိတဲ့ ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ကြောင်း ကြေညာရာမှာ ဒေါ်အောင်ဆန်းစုကြည်က အားပါးတရ လက်ခုပ်တီး ကြိုဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားပါးတရ လက်ခုပ်တီးကြိုဆိုတာကို အနီးကပ် ရိုက်ကူးထားသလို ဒီရုပ်သံကိုလည်း လွှတ်တော်ချာနယ်ကနေ လည်း ထုတ်လွှင့်သွားပါတယ်။

နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်မှုကို နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များက ဆန္ဒမဲလက်မှတ်နဲ့ လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြရာ ရွေးကောက်ခံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် တင်မြှောက်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထင်ကျော် က ထောက်ခံဆန္ဒမဲ ၃၆၀ မဲနဲ့ မဲအများဆုံးရရှိပြီး ရွေးချယ်တင်မြှောက်ခံရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013