DVB Logo
Home
မြန်မာသတင်း
သံလွင်ရေကာတာစီမံကိန်းကြီးများ ဆောက်လုပ်ခြင်းမပြုရန် တောင်းဆို
DVB
·
March 14, 2016
သံလွင်ရေကာတာစီမံကိန်းကြီးများ ဆောက်လုပ်ခြင်းမပြုရန် တောင်းဆို
Donate to DVB

တိုင်းရင်းသားလူမျိုးများရဲ့ အသက်အိုးအိမ်စည်းစိတ်တွေကို ထိပါးခြိမ်းခြောက်နေတဲ့ သံလွင်ရေ ကာ တာစီမံကိန်းကြီးတွေကို ဆောက်လုပ်ခြင်းမပြုဖို့နဲ့ အစိုးရနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေးနဲ့ ရေကာတာဆန့်ကျင် ရေးနေ့မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုသလို သံလွင်မြစ်လျောက်က ရှမ်းပြည်နယ်၊ ကရင်နီ ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ဆန့်ကျင်ရေးလှုပ်ရှားမှု အခမ်းအနားတွေ ပြုလုပ်ခဲ့ကြပါတယ်။

သံလွင်မြစ်ဟာ သဘာဝအလျှောက်စီးဆင်းတဲ့မြစ်ပြီးပြီး မြစ်ဝှမ်းလွင်ပြင်တလျှောက် ထူထပ်ကြီး မားတဲ့သစ် တောတွေ၊ သစ်တောတွေကို မှီခိုနေထိုင်နေတကြတဲ့ သဘာသဇီဝမျိုးကွဲတွေ၊ ပြန်လည်အစားထိုးမရနိုင်တဲ့ သဘာဝအလှတရာတွေနဲ့ သဘာဝ သားရဲတိရစ္ဆာန်တေါ အပြင် များစွာသော တိုင်းရင်းသား လူမျိုးများရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ထွန်းကားတဲ့ ဒေသခံ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်စီမံကိန်း လျာထားချက်တွေဟာ ရေရှည်စစ်မှန်တဲ့ လူမှု သဘာဝ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဖော်ဆောင်မှာဟုတ်ဘူးလို့လည်း ထောက်ပြထားပါတယ်။

သံလွင်မြစ်ပေါ်မှာ ရေကာတာ ၆ ခု တည်ဆောက်မယ်လို့ အစိုးရက ကြေညာထားပြီး အဲဒီ ရေကာတာတွေကတော့ ရှမ်းပြည်နယ်အတွင်းမှာ ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာနဲ့ တာဆန်း (ဝါ) မိုင်းတုန်ရေကာတာ၊ ကယားပြည်နယ်မှာဆိုရင် ရွာသစ်ရေကာတာနဲ့ ကရင်ပြည် နယ်မှာ ဟတ်ကြီးရေကာတာတို့ ဖြစ်ပါတယ်။

သံလွင်ရေကာတာစီမံကိန်းက ရရှိလာမယ့် လျှပ်စစ်ဓာတ်အားတွေကိုတော့ ထိုင်းနဲ့ တရုတ်နိုင်ငံ တွေကို ရောင်းချမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013