DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတ ၃ ဦး အတည်ပြု၊ မနက်ဖြန် သမ္မတ ရွေးမည်
DVB
·
March 14, 2016
ဒုသမ္မတ ၃ ဦး အတည်ပြု၊ မနက်ဖြန် သမ္မတ ရွေးမည်
Donate to DVB

အစုအဖွဲ့ ၃ ခုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးမြင့်ဆွေတို့ကို ဒုတိယသမ္မတတွေအဖြစ် ဒီကနေ့ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုပြီး မနက်ဖြန် သမ္မတ  ၁ ဦး ရွေးချယ်မယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းမှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ စိစစ်ရေးအဖွဲ့က သူတို့ သုံးဦးကို သမ္မတနဲ့ ဒု-သမ္မတ အရည်အချင်းများနဲ့ ပြည့်စုံကြောင်း အစီရင်ခံချက်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ဦးမန်းဝင်းခိုင်သန်းက “ဒုတိယ သမ္မတ ၃ ဦး အမည်စာရင်းကို တင်ပြပါမယ်။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်တင်မြှောက်တဲ့ ဦးထင်ကျော် (အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း)၊ ရွေးကောက်ခံ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်တင်မြှောက်တဲ့ ဦးဟင်နရီဗန်ထီးယူ (အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၃)နဲ့  တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်တင်မြောက်တဲ့ ဦးမြင့်ဆွေ (၀န်ကြီးချုပ် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့ ဖြစ်ပါတယ်။”

ဒုတိယသမ္မတတွေဖြစ်ကြတဲ့ ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးမြင့်ဆွေတို့ သုံးဦးထဲက သမ္မတတဦးကို လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်တင်မြှောက်မှာဖြစ်ပြီး မဲအများဆုံးရ သူက သမ္မတ၊ ဒုတိယမဲအများဆုံးရသူက ဒုတိယသမ္မတ (၁)၊ တတိယ မဲအများဆုံးရသူက ဒုတိယသမ္မတ (၂) ဖြစ်လာကြမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲရလဒ်အရ ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၃၉၀ ဦး၊ တပ်မတော်သားကိုယ်စားလှယ်က ၁၆၆ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက  ၄၂ ဦး၊ ရခိုင်အမျိုးသားပါတီက ၂၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၅ ဦးရှိပြီး ကျန်ပါတီတချို့နဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်စုစုပေါင်းက   ကိုယ်စားလှယ် တွေလည်း ၂၂ ဦး ရှိပါတယ်။
မနက်ဖြန် မတ်လ ၁၅ ရက်နေ့ မနက် ၁၀ နာရီမှာ နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြောက်မှာဖြစ်ပြီး မဲပေးရွေးချယ်တင်မြှောက်ပွဲကို ပြည်ထောင်စုလွှတ်တော်ခန်းမမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013