DVB Logo
Home
မြန်မာသတင်း
မြိတ်ကျွန်းစုဒေသထွက် ဂဏန်းမဲများ တရုတ်အ၀ယ်လိုက်၍ ဈေးကောင်းရ
DVB
·
March 14, 2016
မြိတ်ကျွန်းစုဒေသထွက် ဂဏန်းမဲများ တရုတ်အ၀ယ်လိုက်၍ ဈေးကောင်းရ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ မြိတ်ကျွန်းစုအတွင်းရှိ ပင်လယ်ပိုင်းကျေးရွာတွေက ထွက်ရှိတဲ့ ဂဏန်းမဲတွေကို တရုတ်နိုင်ငံမှ လာရောက်ဝယ်ယူတာကြောင့် ဈေးကောင်းရ နေပါတယ်။

ဂဏန်းမဲတွေကို အရင်က ထိုင်းနိုင်ငံရှိ ဈေးကွက်ကို အဓိကထား တင်ပို့နေပြီး ဂဏန်းမဲ ၁ ပိဿ  ကို မြန်မာကျပ်ငွေ ၅ ထောင်မှ ၆ ထောင်နီးပါးသာရရှိတယ်လို့ ဂဏန်းမဲ လာရောက်ရောင်းချ သူများက ပြောဆိုပါတယ်။

လက်ရှိမှာ ရန်ကုန်ဈေးကွက်ကို ထိုးဖောက်ပြီး အစမ်းတင်ပို့ရာမှ ဈေးကောင်းရလာနေပြီး၊ ရန်ကုန်ဈေးကွက်အတွင်း တရုတ်နိုင်ငံကပါ လာရောက်ဝယ်ယူနေတာကြောင့် ဂဏန်းမဲ ၁ ပိဿ ကို ၁ သောင်းဂဏန်းအထိ ဈေးမြှင့်လာတာပါ။

မြိတ်မြို့အနီးဝန်းကျင်ရှိ ဂဏန်းမဲဖမ်းသူတွေကို အ၀ယ်ဒိုင်တွေက ဈေးကောင်းပေး တာကြောင့် တပိုင်တနိုင် ဂဏန်းမဲဖမ်းသူများလည်း အဆင်ပြေနေတယ်လို့ သိရပါတယ်။

ဂဏန်းမဲတွေကို မြိတ်ကျွန်းအတွင်းရှိ မြိတ်၊ မအိုင်ကျေးရွာ၊ ကမ်းကြီးကျေးရွာ၊ ရေကန်တောင်ကျေးရွာ၊ စခန်းသစ်ကျေးရွာ၊ ကံမော်ကျေးရွာ၊ ပန်းဇင်ကျေးရွာနှင့် အနီးနာရှိကျေးရွာများမှ အများဆုံးထွက်ရှိကြောင်း သိရပါတယ်။

သတင်း - မြတ်ထွဋ်  (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013