DVB Logo
Home
မြန်မာသတင်း
အယ်လ်နီညို အားလျော့နည်းကျဆင်းဟု မိုးလေ၀သပညာရှင် ပြော
DVB
·
March 14, 2016
အယ်လ်နီညို အားလျော့နည်းကျဆင်းဟု မိုးလေ၀သပညာရှင် ပြော
Donate to DVB

၂၀၁၆ ခုနှစ် မတ်လ ၇ ရက် တိုင်းတာချက်အရ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ် အယ်လ်နီညို အားလျော့နည်း ကျဆင်းလာပြီး အားအသင့်အတင့်ပဲ ရှိတော့တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

အယ်လ်နီညိုအင်အားဟာ ဆက်လက်ကျဆင်းနိုင်ပြီး လာမယ့် မေလနဲ့ ဇွန်လခန့်မှာ  ကြားနေအဆင့်သို့ ရောက်ရှိလာနိုင်တယ်၊ စက်တင်ဘာလမှာ အေးပြီး စိုစွတ်တဲ့ လာနီညာ (La Nina) ဖြစ်စဉ်သို့ စတင်ပြောင်းလဲလာနိုင်တယ်လို့ ဦးထွန်းလွင်က ခန့်မှန်းပြောကြားပါတယ်။

အယ်လ်နီညိုဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်း အင်အားအကောင်းဆုံးဖြစ်ခဲ့ပြီး အခု အင်အားအသင့်အတင့်ရှိတယ် ဆိုပေမယ့် နောက်ထပ် လအနည်းငယ်ကြာတဲ့ထိ ဆက်လက်ဖြစ်ပေါ်နေဦးမယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သဌာနကတော့ ပူးပြင်းခြောက်သွေ့တဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ဟာ လာမယ့် ဇွန်လလောက်ထိ သက်ရောက်မှုရှိနိုင်ပြီး သောက်သုံးရေနဲ့ ကျန်းမာရေးကဏ္ဍတို့အပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013