DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ဗဲန်ကားနှင့် ထရပ်ကားတိုက်၊ မြန်မာအလုပ်သမား ၂ ဦးသေဆုံး
DVB
·
March 13, 2016
ထိုင်းတွင် ဗဲန်ကားနှင့် ထရပ်ကားတိုက်၊ မြန်မာအလုပ်သမား ၂ ဦးသေဆုံး
Donate to DVB

ထိုင်းနိုင်ငံ၊ မောင်ခရိုင်တွင်းက လမ်းမတခုပေါ်မှာ ထရပ်ကားတစီးနဲ့ ဗဲန်ကား တစီးတိုက်မိပြီး ဗဲန်ကားပေါ်ပါ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦး နဲ့ ကျန်ခရီးသည် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အဲဒီယာဉ်တိုက်မှုဟာ တာ့ခ်မြို့နဲ့ မဲဆောက်အသွားလမ်းမပေါ် ကီလိုမီတာ ၆၇ နဲ့ ၆၈ ကြား ဒွိုင်ယာ့ခ်အရပ်မှာ မတ်လ ၁၂ ရက်နေ့က ဖြစ်ခဲ့တာလို့ ရဲတွေက ပြောပါ တယ်။

ရွှေ့ပြောင်းအလုပ်သမားတွေတင်ဆောင်လာတဲ့ ဗဲန်ကားဟာ မဲဆောက်မြို့မှ ဆ မွတ်ဆခွန်ခရိုင်ကို ပို့ဆောင်ချိန် လမ်းမှာ ထရပ်ကားနဲ့ ခေါင်းချင်းဆိုင်တိုက်မိခဲ့တာပါ။

ကားပေါ်ပါ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဒဏ်ရာရ ရှိခဲ့ကြတဲ့ ခရီးသည် ၁၃ ဦးကို နီးစပ်ရာ ဆေးရုံကို ပို့ဆောင်ထားခဲ့ရပါတယ်။

ကား ၂ စီးလုံးပေါ်မှ ယာဉ်မောင်း ၂ ဦးစလုံး ထိခိုက်ဒဏ်ရာမရရှိခဲ့ပဲ လက်ရှိမှာ တော့ ရဲတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013