DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၏ သမက်နှင့်ပတ်သက်သည့် အယ်လ်ဘေးနီးယားက အပန်းဖြေစခန်းစီမံကိန်းကို ဆန္ဒပြ
DVB
·
June 4, 2026
Photo: REUTERS/Florion Goga
Photo: REUTERS/Florion Goga
Donate to DVB

အယ်လ်ဘေနီးယားနိုင်ငံ အေဒရီယာ့တစ်ခ် ကမ်းရိုးတန်းရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရမဲ့ နေရာတခုမှာ လုပ်မဲ့ အပန်းဖြေစခန်း စီမံကိန်းကို ကန့်ကွက်နေကြတဲ့ တိုင်ရာနာမြို့က ဆန္ဒပြသူ ထောင်ပေါင်းများစွာကို လူစုခွဲဖို့ ဇွန် ၃ ရက်ညပိုင်းက ရဲတပ်ဖွဲ့ဟာ မီးသတ်ပိုက်တွေနဲ့ထိုးကာ ရေဖျန်းခဲ့ပါတယ်။

ဒီစီမံကိန်းဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သမက် ဂျရဒ်ကွတ်ရှ်နာနဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတခုနဲ့ ဆက်နွှယ်နေပါတယ်။

ဆန္ဒပြသူတွေဟာ ဝန်ကြီးချုပ် အဒီရာမာရဲ့ ရုံးခန်းဆီကို ချီတက်ရင်း ကြွေးကြော်သံတွေအော်၊ ဆိုင်းဘုတ်တွေကိုင်ပြီး ဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပြီး ရဲတပ်ဖွဲ့ကတော့ သူတို့ကို မတားဆီးနိုင်ခဲ့ပါဘူး။

ယူရို ၁ ဒသမ ၄ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ) တန်ဖိုးရှိတဲ့ ဒီအပန်းဖြေစခန်း စီမံကိန်းကို ကွတ်ရှ်နာရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Affinity Partners က ဦးဆောင်နေတာပါ။ 

စီမံကိန်းနယ်မြေဟာ အယ်လ်ဘေးနီးယား ကမ်းလွန်ကျွန်းတခုနဲ့ ကြိုးကြာငှက်တွေ၊ ဖျံတွေ၊ ပင်လယ်လိပ်တွေ ဥ ဥတဲ့ ဗျိုဆာနာတာ သဘာဝဘေးမဲ့တောအနီးက မဖွံ့ဖြိုးသေးတဲ့ ကမ်းရိုးတန်းတလျှောက်မှာ ရှိပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကတော့ ဒီစီမံကိန်းကြောင့် လှပဆန်းသစ်ပြီး သဘာဝအတိုင်း ရှိနေတဲ့ ကမ်းခြေ ဟက်တာ ရာနဲ့ချီ ပျက်စီးသွားနိုင်တယ်ဆိုပြီး ကန့်ကွက်နေကြပါတယ်။

အခုတိုင်ရာနာမြို့က ဆန္ဒပြပွဲဟာ ဒီစီမံကိန်းအပေါ် ကန့်ကွက်တဲ့ စတုတ္ထမြောက် ဆန္ဒပြပွဲဖြစ်ပြီး အရင်ကတော့ စီမံကိန်းဆောက်လုပ်ဖို့ လျာထားတဲ့ တောင်ပိုင်းဗာလိုနာမြို့အနီး ဇဗားနက်ဒေသမှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013