DVB Logo
Home
မြန်မာသတင်း
ဗဟန်း စွန့်ပစ်အမှိုက်ပုံတွင် လက်နက်နှင့်ကျည်ဆန်များ တွေ့ရှိ
DVB
·
March 13, 2016
ဗဟန်း စွန့်ပစ်အမှိုက်ပုံတွင် လက်နက်နှင့်ကျည်ဆန်များ တွေ့ရှိ
1 / 2
Donate to DVB

ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက်မှာ စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေက စွန့်ပစ်အမှိုက်တွေ သိမ်းဆည်းရာကနေ ခြောက်လုံးပြူးသေနတ်နဲ့ ကျည်ဆန်တွေ တွေ့ရှိခဲ့ပါတယ်။

စည်ပင်သန့်ရှင်းရေးဝန်ထမ်းတွေဟာ မတ် ၁၁ ရက်နေ့က ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ရွှေတောင်ကြားလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေးရှိ စည်ပင်အမှိုက်ပုံကနေ အမှိုက်တွေ ယာဉ်ပေါ်ကို တင်နေစဉ် အဖြူရောင်ပီနံအိတ်တလုံးကို တွေ့ရှိ စစ်ဆေးရာကနေ အခုလို တွေ့ရှိခဲ့တာလို့ ရန်ကုန်ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အိတ်အတွင်း စွန့်ပစ်အမှိုက်တွေနဲ့အတူ  Smith & Wesson 32 အမျိုးအစား ခြောက်လုံးပြူး သေနတ် ၁ လက်၊ အသုံးမပြုရသေးတဲ့ ကျည် ၈ တောင့်နဲ့ အသုံးပြုပြီး ကျည် ၁ တောင့် အစိမ်းရောင်သေနတ်အိတ် ၁ ခုတို့ကို တွေ့ရှိခဲ့ပါတယ်။

12804801_808055232657079_2716595696485047382_nအဲဒီ ခြောက်လုံးပြူး သေနတ်နဲ့ ခဲယမ်းတွေကို စည်ပင်တာဝန်ရှိသူတွေက ဗဟန်းမြို့မရဲစခန်းကို ပေးပို့ထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013