DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတ ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထုတ်ပြန်
DVB
·
March 12, 2016
ဒုသမ္မတ ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထုတ်ပြန်
1 / 14
Donate to DVB

ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ အမှန်ကို ပြည်သူများသိစေရန် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းက ထုတ်ပြန်လိုက်ပါတယ်။

- ကွမ်းခြံကုန်းမြို့ သား အမျိုးသားဂန္ထ၀င်စာရေးဆရာကြီး မင်းသုဝဏ်

( ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ရွေးကောက်ခံကိုယ်စားလှယ်၊ ကမာရွတ်မြို့ နယ်) နှင့် ဒေါ်ကြည်ကြည်တို့၏ ဒုတိယမြောက် သားဖြစ်သည်။

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလွင်၏ သမက်ဖြစ်သည်။

- “ဒလဘန်း”အမည်ဖြင့် သူ၏ဖခင် စာရေးဆရာမင်းသုဝဏ်အကြောင်း

ရေးသည့် “ အဘဘ၀ အဘအကြောင်း တစေ့တစောင်း” စာအုပ်မှာ ဦးထင်ကျော်၏ ထင်ရှားသည့်လက်ရာဖြစ်သည်။

- ၁၉၄၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် မွေးဖွားခဲ့သည်။

- ၁၉၆၂ အထက(၁) ဒဂုံ (မက်သဒစ်ကျောင်း) မှ အခြေခံပညာ အထက်တန်းအောင်မြင်၊

- ၁၉၆၂-၆၃ ရန်ကုန်တက္ကသိုလ် မှ ဥပစာဝိဇ္ဇာ (က) အောင်မြင်၊

- ၁၉၆၃-၆၈ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စာရင်းအင်းပညာ

မဟာဘွဲ့  M.Econ (Statistics) Part- 2 တက်ရောက်နေစဉ် တက္ကသိုလ်နည်းပြအဖြစ် အလုပ်ဝင်လိုက်သည်။

- ၁၉၇၀ Universities’ Computer Centre သို့ Programmer/ Analyst ရာထူးဖြင့် ပြောင်းရွှေ့  တာဝန်ထမ်းဆောင်၊

- ၁၉၇၁-၇၂ Institute of Computer Science,University of London ၌ ပညာသင်ယူ၊

- ၁၉၇၃ ဒေါ်စုစုလွင် (ဥက္ကဋ္ဌ - နိုင်ငံတကာဆက်ဆံရေးကော်မတီ ၊ သုံးခွမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နှင့် လက်ထပ်ခဲ့သည်။

- ၁၉၇၄ Asia Electronics Union, Tokyo တွင် ကွန်ပျူတာပညာလေ့လာဆည်းပူး၊

- ၁၉၇၄-၇၅ M.Sc Computer Science (RASU)

- ၁၉၇၅-၁၉၈၀ ဌာနခွဲမှူး၊အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း၊ အမှတ်(၂) စက်မှုဝန်ကြီးဌာန၊

- ၁၉၈၀-၁၉၉၂ ဒုတိယညွှန်ကြားရေးမှူး၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန(FERD) ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊

- ၁၉၈၇ Arthur D.Little, School of Management, Cambridge,Massachusetts တွင် ပညာသင်ယူ၊

- ၁၉၉၂ ဒုတိယညွှန်ကြားရေးမှူးရာထူးမှ မိမိဆန္ဒအလျောက် နုတ်ထွက်၊

- ၂၀၁၂ -ယနေ့ထိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတွင် Executive Committee Member (အလုပ်အမှုဆောင်အဖွဲ့ဝင်) အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိ၊

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013