DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတ ဦးမြင့်ဆွေ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ စာရင်းတွင် ပါဝင်နေဆဲ
DVB
·
March 12, 2016
ဒုသမ္မတ ဦးမြင့်ဆွေ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ စာရင်းတွင် ပါဝင်နေဆဲ
Donate to DVB

စစ်တပ်က ဒုသမ္မတအဖြစ် ရွေးချယ်လိုက်တဲ့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေဟာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ ဒဏ်ခတ် အရေးယူတဲ့ စာရင်းမှာ ရှိနေဆဲ ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့ နိုင်ငံခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးရဲ့ အင်တာနက်စာမျက်နှာ https://sanctionssearch.ofac.treas.gov/ ဒဏ်ခတ် ပိတ်ဆို့သူများ စာရင်းထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

၁၉၅၁ ခုနှစ်၊ ဇွန် ၂၄ ရက် မွေးရက် မွေးနေ့နဲ့အတူ ဒုတိယဗိုလ်ချုပ်ကြီး ရာထူး အပါအ၀င် မြန်မာနိုင်ငံသား တဦးအနေနဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ဒီစာရင်းထဲမှာ ပါတဲ့သူတွေဟာ အမေရိကန်နိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်ခွင့်ကို တားမြစ်ထားပါတယ်။

မြန်မာပြည်အပေါ်ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ အမေးအဖြေကဏ္ဍမှာတော့  အစိုးရ ၀န်ကြီးတဦးက စာရင်းမှာ ပါနေရင် သူဦးဆောင်တဲ့ ၀န်ကြီးဌာနကို ဘယ်လို အကျိုးသက်ရောက်မလဲဆိုတာကို မေးမြန်းထားပါတယ်။

အစိုးရဌာနကိုတော့ တားဆီးမပိတ်ဆို့ပေမယ့် အမေရိကန်နိုင်ငံသားတွေကတော့ ငွေကြေး ပစ္စည်း ၀န်ဆောင်မှုတွေကို မထောက်ပံ့မိအောင် ဥပမာအားဖြင့်  ၀န်ကြီးဌာနနဲ့ ဆက်သွယ်ရင် အရေးယူပိတ်ဆို့ခံရသူ လက်မှတ်ထိုးထားတဲ့ စာချုပ်တွေကို သတိထားရမယ်လို့ ဖြေထားပါတယ်။

၂၀၁၅ နိုဝင်ဘာအထိ ဒီစာရင်းထဲမှာ မြန်မာနိုင်ငံက လူပုဂ္ဂိုတဦးချင်းအနေနဲ့ ၂၀၀ ကျော် ရှိနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013