DVB Logo
Home
မြန်မာသတင်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ဖွင့်လှစ်
DVB
·
March 12, 2016
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ဖွင့်လှစ်
1 / 5
Donate to DVB

တစ်နှစ်လျင် ခရီးသွား၆သန်းအထိ လက်ခံ ၀န်ဆောင်မှုပေးနိုင်မယ့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 အဆောက်အအုံသစ်ကို ဒီကနေ့ မနက်မှာ သမ္မတ ဦးသိန်းစိန်က ဖွင့်လှစ်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ လေယာဉ်စီးခရီးသည်ဦးရေ ၄သန်းကျော်စီ အထိမြင့်တက်လာတာကြောင့် ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အားနည်းချက်တွေဖြစ်ပေါ်ခဲ့လို့  အခုလေဆိပ်သစ်ကို ဆောက်လုပ်ရတာလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေက လေဆိပ်ဖွင့်ပွဲမှာ ပြောပါတယ်။

ဒီလေဆိပ်တိုးချဲ့ အဆောက်အအုံသစ်ကို အမေရိကန်ဒေါ်လာသန်း ၆၆၀ ခန့် ရင်းနှီးမြှုပ်နှံပြီး အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ခံ  Yangon Aerodrome ကုမ္ပဏီ( ယခင် Pioneer Aerodrome ကုမ္ပဏီ)က တာဝန်ယူပြီး ဆောက်လုပ်တာဖြစ်ပါတယ်။

လေဆိပ်သစ်ကို ၂၀၁၅နှစ်ဆန်းပိုင်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ခရီးသည်ပေါင်းကူး တံတားလေးစင်း၊ စားသောက်အနားယူခန်းမ၊ ဓါတ်လှေကား၊ စက်လှေကားတွေတပ်ဆင်ပြီး နိုင်ငံတကာအဆင့်မီဆောက်လုပ် ထားတာဖြစ်တယ်လို့ Yangon Aerodrome ကုမ္မဏီဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင် (ဥက္ကဋ္ဌ)ကပြောပါတယ်။

လေဆိပ်သစ်ဟာငါးထပ်အဆောက်အအုံဖြစ်ပြီး မြေညီထပ်ကို   ပြည်ပထွက်ခွာခရီး သည်တွေ အတွက်အသုံးပြုဖို့၊ ပထမထပ်ကို ပြည်ပဆိုက်ရောက် ခရီးသည်တွေအတွက် သုံးဖို့ နဲ့ ဒုတိယထပ်နဲ့ တတိယထပ်တွေမှာ စားသောက်ဆိုင်နဲ့ ဈေးဆိုင်ခန်းတွေ ပါဝင်မှာဖြစ်ပါ တယ်။

လေဆိပ်သစ်ကို ဖွင့်လှစ်လိုက်ပေမယ့် လေယာဉ်အ၀င်အထွက်ဆိုက်ကပ်ရပ်နားမှုတွေနဲ့ ခရီးသည်တွေအတွက် ၀န်ဆောင်မှုတွေကတော့ မစတင်နိုင်သေးဘူးလို့  မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်က လေကြောင်းဦးစီးဌာန အရာရှိတဦးကပြောပါတယ်။

လေဆိပ်သစ်လုပ်ငန်းတွေ ရာနှုန်းပြည့်မပြီးစီးသေးခင် သမ္မတ ဦးသိန်းစိန်က အစိုးရ သက်တမ်း ကုန်ခါနီးအချိန်မှာ လာရောက်ဖွင့်လှစ်ပေးလိုက်တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ပထမဆုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၉၅၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၉၉၆ခုနှစ် မှာတစ်ကြိမ် ၂၀၀၄ခုနှစ်မှာတစ်ကြိမ် တိုးချဲ့မွမ်းမံမှုတွေပြုလုပ်ခဲ့ပါတယ်။

သတင်းဓာတ်ပုံ - ဇေယျာအေးချမ်း

 

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013