DVB Logo
Home
မြန်မာသတင်း
ကောလင်းမြို့နယ်တွင် ပိုင်ရှင်မဲ့ ကားနှစ်စီးပေါ်မှ တမလန်းသစ်များ ဖမ်းမိ
DVB
·
March 12, 2016
ကောလင်းမြို့နယ်တွင် ပိုင်ရှင်မဲ့ ကားနှစ်စီးပေါ်မှ တမလန်းသစ်များ ဖမ်းမိ
1 / 7
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် အထက်သီတရာရွာအနီးမှာ တရားမဝင် တမလန်းသစ်တွေ တင်ဆောင်လာတဲ့ ပါဂျဲရိုးကားနှစ်စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။

မတ်လ ၁၀ ရက် မနက် ၃ နာရီ ၂၈ မိနစ်အချိန်က ကောလင်းမြို့နယ် သစ်တောဦးစီးအရာရှိ ဦးချစ်လှိုင်ဦးဆောင်တဲ့ အဖွဲ့က မြတ်နိုးသူသစ်ထုတ်ရေး ကားလမ်းမှာ အဖွဲ့ ၂ ဖွဲ့ခွဲ ကင်းပုန်းဝပ်စောင့်ဆိုင်းပြီး မသင်္ကာဖွယ်ကားနှစ်စီးကို ပိတ်ဆို့ဖမ်းဆီးရာမှာ ကားနှစ်စီးလုံး ထွက်ပြေးသွားခဲ့တယ်လို့ ကောလင်းမြို့နယ် ရဲစခန်းက သိရပါတယ်။

ဒီနောက်မှာတော့ ထွက်ပြေးကားနှစ်စီးကို သစ်ထုတ်ရေးကားလမ်းအတိုင်း လိုက်လံဖမ်းဆီးရာ အထက်သီတရာရွာရှေ့ ၃ ဖာလုံခန့်အကွာ လမ်းဘေးမှာ ရပ်ထားတဲ့ ကားနှစ်စီးကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ပိုင်ရှင်မဲ့ ပါဂျဲရိုး ကားနှစ်စီးပေါ်မှာ ၄ သိန်း ၆ သောင်းကျော် တန်ဖိုးရှိ တမလန်း သစ် ၁၉ တုံးကို ဖမ်းဆီးရမိခဲ့ပါတယ်။

အခုလို ပိုင်ရှင်မဲ့ ကားနှစ်စီးပေါ်မှာ တမလန်းသစ်တွေ ဖမ်းဆီးရမိခဲ့မှုနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ ကောလင်းမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးညီညီစိုးက တရားလိုပြုလုပ်တိုင်ကြားခဲ့တာကြောင့် ကောလင်းမြို့မရဲစခန်းက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁) နဲ့ အရေးယူဆောင်နေတယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - ကိုကိုလင်း(အင်းတော်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013