DVB Logo
Home
မြန်မာသတင်း
ငါးအအေးခန်းအလုပ်သမားကို သေဆုံးသည့်အထိ ရိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်ကို အရေးယူမည်
DVB
·
March 11, 2016
ငါးအအေးခန်းအလုပ်သမားကို သေဆုံးသည့်အထိ ရိုက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်ကို အရေးယူမည်
1 / 3
Donate to DVB

ထားဝယ်မြို့ လိုင်ယွင်ငါးအအေးခန်းစက်ရုံမှာ အလုပ်သမားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက်မှုကြောင့် သေဆုံးသွားတဲ့အတွက် ရိုက်တဲ့ရဲတပ်ဖွဲ့ဝင်ကိုလည်း ရဲဥပဒေအပြင် အရပ်ဖက်ဥပဒေနှင့်ပါ အရေးယူဆောင်ရွက်သွားမယ်လို့ တနင်္သာရီတိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ထားဝယ်မြို့ လိုင်ယွင်ငါးအအေးခန်းစက်ရုံတွင် မတ်လ ၇ ရက်နေ့က အအေးခန်း စက်ရုံပိုင်ရှင်နဲ့ အလုပ်သမားများစကားများနေစဉ် ရဲတပ်ဖွဲ့ဝင်အချို့ဝင်ရောက်ရိုက်နှက်မှု ကြောင့် အလုပ်သမားတစ်ဦးသေဆုံးသွားခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထားဝယ်တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်မေးမြန်းရာ အဆိုပါ အလုပ်သမားက မိန်းကလေးနေတဲ့တန်းရာကို ဝင်သောင်းကြမ်းနေလို့ အလုပ်ရှင်က တိုင်ကြားတဲ့အတွက် သွားရောက်ဖြန်ဖြေရာကနေရိုက်နှက်မှုအထိ ဖြစ်ပွားသွားခဲ့ပြီး ရိုက်တဲ့ ရဲတပ်ဖွဲ့ဝင်ကိုလည်း ရဲဥပဒေအတိုင်း အရေးယူဆောင်ရွက်ပြီး အရပ်ဖက်ဥပဒေနှင့်ပါ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဒုတိယရဲမှူးကြီး မျိုးမင်းအောင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီအလုပ်သမားဟာ အလုပ်ချိန်ပြင်ပမှာ အရက်သောက်ပြီး စက်ရုံအတွင်း ဝင်ရောက်လာ တဲ့အတွက် အလုပ်ရှင်ကအလုပ်မှ ထုတ်ပြစ်မယ်လို့ ပြောဆိုတာကြောင့် ပြဿ န ဖြစ်ပွားခဲ့ပြီး စက်ရုံပိုင်ရှင်က ရပ်ကွက်တာဝန်ရှိသူတွေ မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြား ခဲ့တယ်လို့ အလုပ်သမားတစ်ဦးကလည်း ပြောပါတယ်။

ရိုက်ခံရပြီးသေဆုံးသွားတဲ့ အလုပ်သမားဟာ တွံတေးမြို့နယ်မှာ နေထိုင်ပြီး ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ်ကွက် လိုင်ယွင်အအေးခန်းစက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ကိုသက်နောင် (ခေါ်) ဆံရှည် အသက် ၂၈ နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013