DVB Logo
Home
Lead Story
ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၁ နှစ်ပြည့် ကလေးမြို့တွင် ကျင်းပ
DVB
·
March 10, 2016
ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၁ နှစ်ပြည့် ကလေးမြို့တွင် ကျင်းပ
1 / 2
Donate to DVB

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းအကြမ်းဖက်ဖြိုခွင်းခံရမှု ၁၀ နာရီ ၁၀ မိနစ် တစ်နှစ်ပြည့် အထိမ်းအမှတ် ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်) ကလေးခရိုင် ကျောင်းသားများသမဂ္ဂ၊ အထက်ချင်းတွင်း လူငယ်ကွန်ရက်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ပူးပေါင်းကာ ကလေးမြို့နယ်လုံးဆိုင်ရာ ရတနာပုံ ရွှေဘုံသာစေတီရင်ပြင်မှာ ဒီနေ့ မနက် ၁၀ နာရီ ၁၀ မိနစ်က ဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။

ဆုတောင်းပွဲနဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ် ကလေးခရိုင် အထွေထွေအတွင်းရေးမှူး ကိုစိုးထိုက်က “ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံရတာ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖမ်းဆီးခံကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ လွှတ်မြောက်ရေး ဒီမိုကရေစီပညာရေး ရရှိရေးအတွက် ကျနော်တို့အနေနဲ့ ဘုရားမှာ ဆုတောင်းခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆုတောင်းပွဲကို မနက် ၁၀ နာရီ ၁၀ မိနစ်ကနေ စတင်ခဲ့ပြီး မိနစ် ၂၀ ခန့်သာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013