DVB Logo
Home
မြန်မာသတင်း
ဒေါ်လာသန်း ၁၀၀ အကုန်အကျခံမည့် ပုသိမ်စက်မှုမြို့တော်စီမံကိန်း ဖွင့်လှစ်
DVB
·
March 10, 2016
ဒေါ်လာသန်း ၁၀၀ အကုန်အကျခံမည့် ပုသိမ်စက်မှုမြို့တော်စီမံကိန်း ဖွင့်လှစ်
Donate to DVB

ဒေါ်လာသန်း ၁၀၀ အကုန်အကျခံတည်ဆောက်မယ့် ပုသိမ်စက်မှုမြို့တော်(Pathin Industrial City) စတင်ဆောက်လုပ်ဖို့အတွက် စီမံကိန်းရုံးဖွင့်ပွဲကို မတ်လ ၁၀ ရက်နေ့က ပုသိမ်-ငပုတော လမ်းဘေး စီမံကိန်းမြေနေရရာမှာ ပြုလုပ်ခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

စီမံကိန်းမြေဧရိယာ ဧက ၂၇၀၀ လောက်ကို အသုံးပြုမှာဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးနဲ့သက်ဆိုင်တဲ့ စက်ရုံတွေကို အဓိက ပြုလုပ်သွားမယ်လို့ စီမံကိန်းဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောပါတယ်။

အဲ့ဒီစီမံကိန်ကိန်းဟာဆိုရင် ရန်ကုန်တိုင်းဒေသကြီးက လှိုင်သာယာစက်မှုဇုန်ထက် ပိုမိုကြီးမားမှာ ဖြစ်ပါတယ်။

စီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ အပြီးသတ်နိုင်မယ်လို့ မျှော်မှန်းထားပြီး စီမံကိန်းပြီးဆုံးပါက လူဦးရေ ၂၀၀၀ လောက် အလုပ်ခန့်ထားနိုင်မယ်လို့လည်း သူကပြောပါတယ်။

စီမံကိန်းကို ဧရာဟင်္သာကုမ္ပဏီက ဧရာဝတီဖွံ့ဖြိုးတိုးတက်မှုအများပိုင် ကုမ္ပဏီ (Ayeyarwaddy Development Public CO.,LTD) အမည်နဲ့ အများပိုင်ကုမ္ပဏီဖွဲ့စည်းပြီး စီမံကိန်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ အစုရှယ်ယာတွေကိုတော့ ၂၀၁၆ မေလအတွင်းမှာ ရောင်းချပေးမယ်လို့လည်း စီမံကိန်းဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောပါတယ်။

ဝန်ကြီးချုပ် ဦးသိန်းအောင်ကတော့ ဒီစီမံကိန်းဟာ သူရည်မှန်းထားတဲ့ စီမံကိန်းထဲက တဖြစ်ပြီး အန်အယ်လ်ဒီအစိုးရသစ်လက်ထဲကို အသေအချာလွှဲပြောင်းရမယ့် စီမံကိန်းဖြစ်တယ်လို့ ပြောပါတယ်။

သတင်းဓာတ်ပုံ - သော်ဇင်မျိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013