DVB Logo
Home
မြန်မာသတင်း
ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များ သောက်သုံးရေပြတ်လပ်မှုဖြင့် ကြုံနေရ
DVB
·
March 10, 2016
ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်များ သောက်သုံးရေပြတ်လပ်မှုဖြင့် ကြုံနေရ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ စစ်ဘေးရှောင်ဒုက္ခသည်တွေ သောက်သုံးရေ ပြတ်လပ်မှုနဲ့ စတင်ကြုံနေရပြီး အကူညီများလိုအပ်နေပါတယ်။

ရွာမပြင်ကျေးရွာ တောင်ပိုင်းနားမှာ နေရာချပေးထားတဲ့ စစ်ဘေးရှောင်အိမ်ထောင်စု ၃၈ စု၊ လူဦးရေ ၁၄၇ ဦးအတွက် သောက်သုံးရေ ပြတ်လပ်နေပြီး အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီဆောင်ရွက်နေတဲ့ မေတ္တာမျှဝေမှ ဆရာတော် ဦးဇာဂရက ဒီဗွီဘီကို မိန့်ပါတယ်။

“အခုလက်ရှိအခြေအနေမှာတော့ ဒုက္ခသည်စခန်းတခုမှာ သောက်သုံးရေပြတ်လပ်နေ ပါတယ်။ ရွာမပြင်ဆိုတဲ့ ရွာနားမှာရှိတဲ့ ဒုက္ခသည်စခန်းပေါ့လေ။ ရေရရှိရေးအတွက် အလှမ်းဝေးတဲ့နေရာတွေမှာ ရေသွားခတ်နေကြရပါတယ်။ ဒီလကုန်ရင်တော့ အခြေအနေ ပိုဆိုးနိုင်ပါတယ်။”

ဒါကိုဖြေရှင်းဖို့အတွက် ဒုက္ခသည်စခန်းနားမှာ သောက်ရေကန်စတူးဖို့ အလှူခံနေကြပြီး နွေရာသီရောက်ပြီဖြစ်လို့ အပူအအေး မမျှတတာကြောင့် ဒုက္ခသည်စခန်းမှ ကလေးတွေကို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး အထူးအရေးတယူဆောက်ရွက်နေရကြောင်း ဆရာတော်က မိန့်ပါတယ်။

’’အခုက အပူအအေးမမျှတတာရယ်၊ ကလေးတွေအတွက် အထူးဂရုစိုက်ပေးကြရတယ်၊ ဒီကလေးတွေ ကျန်းမာရေး၊ ပညာရေးနဲ့ ပတ်သက်ပြီး ရှေ့ဆက် ဘယ်လို လုပ်ဆောင်သွားမလဲ ဆိုတာ စီမံချက်တွေမရှိသေးဘူး။ ရေရှားပါးလာမှုရယ်၊ လက်ရှိအခြေအနေမှာ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အကူညီလိုအပ်နေတယ်။”

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေဦးစီးဌာန အရာရှိ ဦးသန်းစိုးကတော့ ရေရှားနေတဲ့ နေရာတွေကို စာရင်းကောက်ပြီး လိုက်လံကူညီပေးသွားမယ်လို့ ဒီဗွီဘီ ကို ပြောပါတယ်။

“ရေရှားမယ့်နေရာတွေကို ကွင်းဆင်းလေ့လာပြီးပါပြီ။ ကျနော်တို့ကတော့ ရေရှားတဲ့ နေရာတွေကို စတင်ဆောင်ရွက်ဖို့ လုပ်နေပါတယ်။ စာရင်းတွေလည်း ကောက်ယူထားပါပြီ။ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ရေကန်တူးဖို့ ဆောင်ရွက်နေပါတယ်။ အကူအညီလိုရင် တောင်းခံကြဖို့ အင်တာနက်မှာ မြို့နယ်အသီးသီးက ဖုန်းနံပါတ်တွေ တင်ပေးထားပါတယ်။”

ကျောက်တော်မြို့နယ် ရွာမပြင်ကျေးရွာမှာ စုစုပေါင်း စစ်ဘေးရှောင်ဒုက္ခသည် ၃၄၃ ဦးရှိတယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ - ဇော်ခ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013