DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတ အမည်စာရင်း အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းအပြင် ၅ ဦးရှိ
DVB
·
March 10, 2016
ဒုသမ္မတ အမည်စာရင်း အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းအပြင် ၅ ဦးရှိ
Donate to DVB

ဒုတိယသမ္မတလောင်းတင်ဖို့ အန်အယ်ဒီပါတီ ကိုယ်စားလှယ်လောင်းအပြင် နောက်ထပ်  ၅ ဦး ရှိနေပြီး လျှောက်လွာတွေ လာထုတ်သွားတယ်လို့ သိရပါတယ်။

အဲဒီ့ထဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းပါ ပါပြီး  တကယ်တင်မယ် မတင်ဆိုတာကတော့ မသိရသေးပါဘူး။ တင်မဲ့သူတွေ များနေမယ်ဆိုရင်တော့ ၁၁ ရက်နေ့မှာ မဲခွဲကြဖို့ ရှိပါတယ်။

မတ် ၉ ရက်နေ့က  ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန်  နဲ့ ဒေါက်တာဇော်မြင်မောင်တို့က  တိုင်းနဲ့ ပြည်နယ်က တာာဝန်ခံတွေနဲ့ တွေ့ဆုံခဲ့ကြပြီး ကိုယ်စားလှယ်လောင်းတွေ ကျန်းမာရေး အနေအထိုင်ဆင်ခြင်ကြဖို့ တမဲမှ အဆုံးမခံနိုင်ဘူးလို့ မှာကြားသွားတယ်လို့ အစည်းအဝေးတက်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတဦးက ပြောပါတယ်။

မတ် ၁၀ ရက်နေ့ ညနေ ၅ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စည်ပင်ရိပ်သာကိုလာပြီး ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့ဖို့လည်းရှိပါတယ်။

အန်အယ်လ်ဒီပါတီက တင်သွင်းမယ့် ဒုတိယသမ္မတလောင်း ၂ ယောက်အမည်စာရင်းကို ကြိုတင်သိရဖို့အတွက် ပြည်တွင်းပြည်ပသတင်းထောက်တွေ မတ် ၉ ရက်နေ့ ညပိုင်းအထိ  နေပြည်တော်စည်ပင်ရိပ်သာမှာ သွားရောက်စောင့်ဆိုင်းနေကြပါတယ်။

အန်အယ်လ်ဒီရဲ့ ပြောခွင့်ရသူအဖြစ်တာဝန်ပေးထားတဲ့ ဒေါက်တာဇော်မြင့်မောင်ကတော့ မတ် ၁၀ ရက်နေ့ ၁၀ နာရီ ၁၅ မှာ အားလုံးသိရမှာ ဖြစ်ပြီး အဆင့် သင့်ဖြစ်နေပြီလို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013