DVB Logo
Home
မြန်မာသတင်း
အာဂျီနိုမိုတို မြန်မာပြည် ပြန်လာမည်
DVB
·
March 9, 2016
အာဂျီနိုမိုတို မြန်မာပြည် ပြန်လာမည်
Donate to DVB

၂၀၁၇ ခုနှစ်မှာ အာဂျီနိုမိုတိုက အချို့မှုန်နဲ့ တခြား အစားအသောက် ပစ္စည်းတွေကို မြန်မာပြည်မှာ ပြန်လည် ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်။

အာဂျီနိုမိုတို ထုတ်လုပ်ရောင်းချသူတွေက မြန်မာပြည် ဌာနခွဲကို မကြာသေးခင်က တည်ထောင်ခဲ့ပြီး ဒေါ်လာ ၁၀.၆ သန်း ရင်းနှီးထားတယ်လို့ နစ်ကေး သတင်းမှာ ရေးပါတယ်။

ရန်ကုန် သီလ၀ါ အထူးစီးပွားရေးဇုန်မှာ မြေ ၅၀၀၀ စတုရန်း မီတာ အကျယ်ပေါ်မှာ စက်ရုံတည်ဆောက်သွားမှာ ဖြစ်ပြီး မိုနိုဆိုဒီယမ် ဂလုတမိတ် (သို့) အမ်အက်စ်ဂျီတွေကို ထိုင်းက တင်သွင်းကာ မြန်မာ ဈေးကွက်အတွက် ထုပ်ပိုးရောင်းချမှာ ဖြစ်ပါတယ်။

လုပ်ငန်းကို အရောင်းဝန်ထမ်းအပါအ၀င် ၀န်ထမ်း ၁၀၀ နဲ့ စတင်လုပ်ဆောင်သွားဖို့ မျှော်လင့်ထားသလို ကနဦးမှာတော့ ရန်ကုန် မန္တလေးမှာရောင်းချမယ်လို့ ဆိုပါတယ်။

နိုင်ငံတ၀န်းကို ဈေးကွက်ချဲ့ထွင်ပြီးရင်တော့ ၂၀၂၀ ဘဏ္ဍာနှစ်မှာ နှစ်စဉ် ရောင်းငွေ ယန်း ၃ ဘီလီယံအထိ တိုးမြင့်သွားအောင် ရည်မှန်းထားတယ်လို့ သတင်းကရေးပါတယ်။

လူဦးရေသန်း ၅၀ ရှိတဲ့ မြန်မာနိုင်ငံဟာ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ထိုင်းပြီးရင် အရှေ့တောင်မှာ စတုတ္တအကြီးဆုံး ဈေးကွက်ဖြစ်တယ်လို့ တိုကျိုအခြေစိုက် အာဂျီနိုမိုတိုက ပြောပါတယ်။

ဟင်းချက်ရင်သုံးတဲ့ အမ်အက်စ်ဂျီ အချိုမှုန့်တွေဟာ  တရုတ်ကနေ အဓိက တင်သွင်းပြီး မြန်မာ ဈေးကွက် ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။

၁၉၉၆ ခုနှစ်က ရန်ကုန်မှာ မြန်မာ ဌာနခွဲကို အာဂျီနိုမိုတိုက စတင် တည်ထောင်ခဲ့ပါတယ်။

၂၀၀၀ ခုနှစ်မှာ အာဂျီနိုမိုတိုက မြန်မာပြည်အတွင်းမှာ ထုတ်လုပ်ရောင်းချမှုတွေကို ရပ်တန့်ခဲ့ပါတယ်။ စစ်အစိုးရက အာဂျီနိုမိုတိုမှာ ပါဝင်တဲ့ ပစ္စည်းတွေ တင်သွင်းခွင့် တားမြစ်ခဲ့လို့ ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။

တားမြစ်ရတဲ့ အကြောင်းအရင်းကို မသိရပေမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို တားမြစ်ဖို့ စစ်အစိုးရရဲ့ ကြိုးပမ်းချက် ဖြစ်နိုင်တယ်လို့ ယူဆနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013