DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လက်မှတ်ထုတ်ပေးပြီးသူ ၁၇၃ ဦးရှိ
DVB
·
March 9, 2016
နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လက်မှတ်ထုတ်ပေးပြီးသူ ၁၇၃ ဦးရှိ
Donate to DVB

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) လက်မှတ်နဲ့ ကတ်ပြားထုတ်ပေးပြီးသူပေါင်း ၁၇၃ ဦး ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောပါတယ်။

ပထမအကြိမ်အဖြစ်(၁၂၉)ဦး၊ ဒုတိယအကြိမ်အဖြစ် (၄၄) ဦးတို့ကို လက်မှတ်နဲ့ကတ်ပြားတွေ ထုတ်ပေးပြီးပြီလို့ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက မနေ့က ကျင်းပတဲ့ ဗဟိုလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။

တတိယအကြိမ်အဖြစ် ၅၁ ဦးကို အတည်ပြုချက်ရရှိပြီဖြစ်လို့ လက်မှတ်နှင့် ကတ်ပြားတွေ ဆက်ထုတ်ပေးသွားမယ်လို့ သူက ပြောပါတယ်။

လုပ်ငန်းကော်မတီမှ စိစစ်တင်ပြတဲ့ ထပ်မံလျောက်ထားသူ ၄၀ ဦးကိုလည်း ဗဟိုကော်မ တီက စိစစ်သုံးသပ် အတည်ပြုကြဖို့ သူက တာဝန်ပေးပါတယ်။

နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်လိုတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ အကျိုးနဲ့ နိုင်ငံ့လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့ သူက ရှင်းပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ၂၀၁၂ ခုနှစ် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ ခရီးစဉ်အတွင်း အမေရိကန်ရောက် မြန်မာနိုင်ငံသားဟောင်းတွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံသား ဟောင်းတွေနဲ့ နိုင်ငံခြားသားတွေအတွက် မြန်မာနိုင်ငံမှာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် ခွင့်ပြုဆောင်ရွက်ပေးမယ့်အစီအမံရှိကြောင်း ပြောကြားခဲ့ပြီး အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013