DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းမြန်မာကျောင်းသူကျောင်းသား ၁၀၆ ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို
DVB
·
March 9, 2016
ရွှေ့ပြောင်းမြန်မာကျောင်းသူကျောင်းသား ၁၀၆ ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆို
1 / 4
Donate to DVB

ထိုင်းနိုင်ငံ တာ့ခရိုင်အတွင်းရှိ ရွှေ့ပြောင်းမြန်မာကျောင်းတွေက ကျောင်းသူ ကျောင်းသား ၁၀၆ ဦးဟာ  ကရင်ပြည်နယ် မြ၀တီမြို့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သွားရောက်ဖြေဆိုနေပါတယ်။

နိုင်ငံတ၀ှမ်း ဒီကနေ့စတင်ကျင်းပနေတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ မြန်မာနယ်စပ်တာ့ခရိုင် မဲဆောက်မြို့မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာကျောင်း ၃  ကျောင်းက ကျောင်းသူကျောင်းသား ၁၀၆ ဦး ၀င်ရောက်ဖြေဆိုနေတာလို့ ရွှေ့ပြောင်းမြန်မာကျောင်းတခုဖြစ်တဲ့ ဆာသူးလေကျောင်းက ကျောင်းအုပ်ဆရာမကြီး နော်ဆာအယ်က ပြောပါတယ်။

“ကျောင်းသူကျောင်းသားက ၁၀၆ ယောက်။  သွေးသစ်ကျောင်း၊ ဆာသူးလေးကျောင်းနဲ့ ပြည်တွင်းထဲမှာရှိတဲ့ ကပေါ်ထော်ကျောင်းက ကျောင်းသူကျောင်းသား တွေဖြစ်တယ်။ သူတို့က စာစစ်ဌာန အ.ထ.က (၁) မြ၀တီမှာဖြေတယ်။  သွေးသစ်ကျောင်းကတော့ အ.မ.က - ၁ မှာ သွားတည်းတယ်။ ဆာသူးလေနဲ့ ကပေါ်ထော် ကျောင်းကတော့ မဟာစည်ကျောင်းတိုက်မှာ သွားတည်းတယ်။”

ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသူကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ – ၂၀၀၃ ပညာသင်နှစ်ကစပြီး မြန်မာနိုင်ငံတွင်းမှာ စာမေးပွဲ ဖြေဆိုခွင့် ရရှိထားတာ ဖြစ်ပြီး ခု စတုတ္ထအကြိမ်မြောက် ဖြေဆိုခွင့်ရတာပါ။

ပြီးခဲ့တဲ့နှစ်က  ရွှေ့ပြောင်းမြန်မာကျောင်းက ကျောင်းသူနဲ့ ကျောင်းသား ၁၆၅ ယောက် ၀င်ရောက် ဖြေဆိုခဲ့ပြီး အဲဒီထဲက ၂၇.၅ ရာခိုင်နှုန်း စာမေးပွဲအောင်မြင်ခဲ့တယ်လို့ ဆရာမ နော်ဆာအယ်က ပြောပါတယ်။

အခုနှစ် တနိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသားကျောင်း သူဦးရေ ၇ သိန်းနီးပါး ရှိပြီ မတ်လ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့ တရက်တဘာသာ  ဖြေဆိုမှာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013