DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးမကောင်းသည့် ဖခင်ကိုယ်စားမဲပေးခဲ့သူ အမျိုးသမီးအား ပြည်ခိုင်ဖြိုးပါတီ တရားစွဲ
DVB
·
March 9, 2016
ကျန်းမာရေးမကောင်းသည့် ဖခင်ကိုယ်စားမဲပေးခဲ့သူ အမျိုးသမီးအား ပြည်ခိုင်ဖြိုးပါတီ တရားစွဲ
Donate to DVB

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲပေးစဉ်အချိန်က မုံရွာမြို့နယ် ဂျပိုင်ကျေးရွာနေ အမျိုးသမီးတစ်ဦးကို မဲ ၂ ကြိမ်ပေးခဲ့တယ်လို့ စွပ်စွဲကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ တရားစွဲဆိုရာမှာ မုံရွာမြို့နယ်တရားရုံးက ၂၀၁၆ မတ်လ ၈ ရက်နေ့က စွဲချက်တင်လိုက်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့က အထွေထွေရွေးပွဲမှာ စွပ်စွဲခံရသူ ဒေါ်တင်မိဟာ အသက် ၈၂ နှစ်အရွယ် ဖခင်ဖြစ်သူနှင့်အတူ ကျေးရွာမဲရုံတွင် သွားရောက်မဲပေးရာမှာ ဖခင်ဖြစ်သူက မဲပေးရန်တန်းစီနေစဉ် မူးလဲသွားခဲ့တာကြောင့် ဖခင်ဖြစ်သူအမည်နဲ့ ကိုယ်စားမဲပေးခွင့်ကို မဲရုံမှ တာဝန်ရှိသူများထံသို့ ခွင့်တောင်းခဲ့ရာမှာ ကိုယ်စားမဲထည့်ဖို့ ခွင့်ပြုချက်ရသဖြင့် ဖခင်ဖြစ်သူကိုယ်စားမဲထည့်ရာမှ ပြည်ခိုင်ဖြိုးပါတီရပ်ကျေးရုံးက ဦးတင်မောင်ဝင်းက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲခံရသူ အမျိုးသမီးက ဆိုပါတယ်။

အဆိုပါစွပ်စွဲခံရသူအမျိုးသမီးဟာ ဖခင်ကိုယ်စား လွှတ်တော် ၃ ရပ်အတွက် မဲ ၃ မဲထည့်ခဲ့တာကြောင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၉ (ဆ) တမျိုးတည်းဖြင့် အမှု ၃ မှုခွဲကာ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲပြီးစအချိန်ကတည်းက တရားစွဲဆိုရာမှာ ယခု မတ်လ ၈ ရက်နေ့ထိ တရားလိုပြသက်သေ ၁၆ ဦးကို စစ်ဆေးခဲ့ပြီး ရုံးချိန်း ၁၃ ချိန်းရှိသွားပြီလို့ စွပ်စွဲခံရသူ အမျိုးသမီးရဲ့ ရှေ့နေက ပြောကြားပါတယ်။

တရားလိုပြသက်သေတွေထဲမှာ ရပ်ကျေးမဲရုံမှူးတွေ မဲရုံစာရေးတွေ အပါအဝင် ပြည်ခိုင်ဖြိုးပါတီမှ မဲရုံကိုယ်စားလှယ်များ ပါဝင်တယ်လို့လည်း သိရပါတယ်။

မုံရွာမြို့နယ် တရားရုံးမှ စစ်ဆေးအပြီးမှာ တရားသူကြီး ဒေါ်ဆွေဆွေအေးက စွတ်စွဲခံရသူ ဒေါ်တင်မိကို စွဲချက်တင်ခဲ့ပြီး နောက်ရုံးချိန်းကိုတော့ မတ်လ ၁၄ ရက်နေ့မှာ ချိန်းဆိုထားပါတယ်။

သတင်း - ရန်နိုင်စိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013