DVB Logo
Home
မြန်မာသတင်း
ကေအဲန်ယူတွင် အမျိုးသမီးများ ပိုမိုဦးဆောင်ခွင့်ရရှိရေး တောင်းဆို
DVB
·
March 8, 2016
ကေအဲန်ယူတွင် အမျိုးသမီးများ ပိုမိုဦးဆောင်ခွင့်ရရှိရေး တောင်းဆို
1 / 2
Donate to DVB

ကရင်အမျိုးသားအစည်းအရုံးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာ အမျိုးသမီးတွေ ပိုမို ခန့် အပ်ဖို့၊  အစိုးရနဲ့  တိုင်းရင်းသားအဖွဲ့တို့အကြား ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အတွင်း အမျိုးသမီးများကို ထည့်သွင်းဖို့ ကရင်အမျိုးသမီးအစည်းအရုံးက တောင်းဆိုလိုက်ပါ တယ်။

ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ မှာကြေညာ ချက်ထုတ်ပြန် တောင်းဆိုခဲ့တာပါ။

ဒီတောင်းဆိုချက်တွေမှာတော့ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဦးဆောင်မှုအခန်း ကဏ္ဍမှာ အမျိုးသမီးတွေ ပိုမိုပါဝင်ရေး၊ အမျိုးသမီးများရဲ့ခေါင်းဆောင်မှုကိုပိုမိုအားပေး အား မြှောက်ပြုရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ အမျိုးသမီးတွေပါဝင်ရေး၊ အမျိုးသမီးတွေအပေါ် နှိမ်ချ ပြောဆိုမှုကို ရပ်တန့်ပေးရန်၊ ဦးဆောင်မှု အခန်းကဏ္ဍဖြစ်စေ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ ဖြစ်စေ အမျိုးသမီးတွေကို ၃၀ ရာခိုင်နှုန်းပါဝင်မှုကို သဘောတူညီချက်ကို အကောင်အထည်ဖော်ပေးဖို့ တောင်းဆို ထားပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံးရဲ့ လူမှုရေးဌာနတာဝန်ခံ နော်ဒါးဒါးက “အခု ကရင်အမျိုးသားအစည်းအရုံးထဲမှာဆိုရင် အမျိုးသမီးတွေ တော်တော်နည်းတာ ပေါ့နော်။ ကျမတို့ ပြန်ကြည့်မယ်ဆိုရင် အလုပ်အမှုဆောင်ကော်မီတီမှာဆိုရင် ဒု-ဥက္ကဋ္ဌ တယောက်ပဲ ပါတယ်။ တရားရေးမှာ အမျိုးသမီးတယောက်ပဲပါတယ်။ စည်းရုံးရေးမှာဆိုရင် တယောက် ပါတယ်။ တပ်ဆေးဌာနမှာဆိုရင် အမျိုးသမီးတယောက်ပါတယ်။ ဒါများများစားစား မတွေ့ရဘူး၊ အမျိုးသမီးတွေ လက်ချိုးရေ လို့ရတာပေါ့နော်။ အမျိုးသမီးတွေရဲ့ အင်အား တော်တော်နည်းတာကို တွေ့ရတာပေါ့နော်။ ဒါကြောင့် အမျိုးသမီးတွေ ပိုမိုပါဝင်ဖို့ တောင်းဆိုရတာ ဖြစ်တယ်”လို့ ပြောပါတယ်။

ကရင်အမျိုးသမီးတွေရဲ့တောင်းဆိုမှုကို ကရင်အမျိုးသားအစည်းအရုံးသာမက တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေဖြစ်စေ အမျိုးသမီးတွေကို ဘယ်နေရာ ဘယ်အစိုးရဌာနကဖြစ်စေ အမျိုးသမီးတွေရဲ့တောင်းဆိုမှုကို အသိအမှတ်ပြုပြီး အကောင်အထည် ဖော်ဖို့လည်း တောင်းဆိုသွားပါတယ်။

ဒီတောင်းဆိုမှုနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ကေအန်ယူရဲ့မူအရ ဦးဆောင်မှုအခန်းကဏ္ဍမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ ချမှတ်ထား ပေမယ့်  လက်တွေ့မှာ  အမျိုးသမီးတွေပါဝင်မှု ၃ ရာခိုင်နှုန်းပဲ ရှိနေတယ်လို့ ပြောပါတယ်။

အမျိုးသမီးတွေ နိုင်ငံရေးဦးဆောင်မှုမှာ ပါဝင်မှုနည်းနေရခြင်းဟာ  ခရိုင်အဆင့်ဆင့်က ရွေးကောက်တင်မြောက်ကြသူတွေထဲမှာ အမျိုးသမီးပါဝင်မှု နည်းနေတာကြောင့်ဖြစ်ပြီး လူများစုက အမျိုးသမီးတွေကို လူမှုရေးလုပ်ငန်းတွေမှာသာ အားပေးမှုများနေလို့ဖြစ်တယ်လို့ ပြောပါတယ်။

“ကေအန်ယူရဲ့ ဦးဆောင်မှုကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်မှုနည်းနေတာက များသော အားဖြင့် အမျိုးသမီးတွေဟာ လူမှုရေးလုပ်ငန်းတွေ လုပ်သင့်တယ်ဆိုတဲ့ အမြင်မျိုးတွေရှိတဲ့ အတွက် အမျိုးသမီးတွေကို လူမှုရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်းနဲ့ ပညာရေးကဏ္ဍတွေ မှာသာ လုပ်ဆောင်ဖို့ အားပေးမှုများတဲ့အတွက် နိုင်ငံရေးမှာ ပါဝင်မှုနည်းနေတာလို့ ကျမ မြင်ပါတယ်”လို့ ကေအန်ယူ ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ပြောပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံးက ဦးဆောင်ပြီး ဒီကနေ့မှာရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ကို KNU ထိန်းချုပ်နယ်မြေအတွင်းက တောင်ငူ၊ ညောင်လေးပင်၊ ဖာပွန်၊ ဖားအံ ခရိုင်တို့အပြင် နယ်စပ်က မယ်ရာမို၊ အုန်းဖျန်၊ ထန်းမဟင်၊ အီးတူးထနဲ့ နို့ဖိုး ဒုက္ခသည်စခန်းတွေမှာ တပြိုင်နက်ထဲ ကျင်းပခဲ့ကြပြီး တောင်းဆိုချက် ၆ ချက်ကို   လှည့်လည် တောင်းဆိုခဲ့ကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံးနည်းတူ ကျန်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွင်းက နိုင်ငံရေးပါတီတွေ အားလုံးလိုလိုမှာလည်း နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ အမျိုးသမီးပါဝင်မှုနည်းပါးနေတာ အစဉ်အဆက် တွေ့ရပါတယ်။

ဓာတ်ပုံ - နော်ဘော

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013